ပညာရေးဝန်ထမ်းအိမ်ရာ တစ်ရာကျော်ဆောက်မည်
diz_admin
January 23, 2021ယခုနှစ်တွင် တိုင်းအတွင်း ပညာရေး ဝန်ထမ်းအိမ်ရာ အလုံးပေါင်း တစ်ရာကျော် တည်ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ မြို့နယ်ကိုးခုတွင် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ၁၁၀ လုံး ဆောက်ရန်လျာထားပြီး တစ်လုံးလျှင် ကျပ်သိန်းနှစ်ရာ သုံးစွဲရန် လျာထားကြောင်း အထက်ပါဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးရန်လင်းအောင်က ဆိုသည်။ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ၏ အကျယ်အဝန်းမှာ ပေ ၃၀၊ ၂၇ ပေ ရှိမည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါခေါ် ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “တင်ဒါတော့ အဖြေမထွက်သေးဘူး၊ ကက်ဘိနက်(တိုင်းအစိုးရအဖွဲ့ အစည်းအဝေး) ထိုင်ပြီးရင်တော့ ထွက်လာမှာ” ဟု ဦးရန်လင်းအောင်က ဆိုသည်။ ယခုဘဏ္ဍာနှစ်တွင် တည်ဆောက် ရန်လျာထားသည့် […]


