ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ဒေသထွက်ငါးများ အထက်မြန်မာပြည် ပို့မည်

diz_admin

January 18, 2021

မွန်ပြည်နယ်ထွက် ငါးများကို ပြည်နယ်အတွင်းသာမက အထက်မြန်မာပြည် ဈေးကွက်တို့တွင်လည်း တင်ပို့ရောင်းချနိုင်ရေး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန နှင့် သမဝါယမဦးစီးဌာနတို့က စီစဉ်နေကြောင်း သိရသည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ထွက် ငါးများ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ခြင်းမရှိဘဲ ငါးဈေးကွက် ရပ်တန့်ပြီး ငါးလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ငါးဈေးကွက်ပျက်နေသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်း ငါးဈေးကွက် ဖော်ဆောင်ရေး ငါးလုပ်ငန်း ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့က စီစဉ်ခြင်းဖြစ်ကြောင်း ပြည်နယ်သမ ဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဟန်က ပြောသည်။ “သမဝါယမကနေ ငါးဖမ်းလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ငါးဈေးကွက် ဖြန့်နိုင်ဖို့အတွက်ပါ” ဟု ဦးလှဟန်က ပြောသည်။ ပြည်နယ်အတွင်း ထွက်ရှိသည့် ငါးများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းပြီး အရှုံးမရှိ အမြတ်မရှိဖြင့် […]

ထားဝယ်တွင် ကွန်ဒုံးရရှိရန် ခက်ခဲလာ

diz_admin

January 18, 2021

လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို ကာကွယ်ပေးနိုင်သည့် အမျိုးသားသုံးကွန်ဒုံးကို ထားဝယ်ဒေသတွင် ဝယ်ယူရန် ခက်ခဲလာသည်။ အကြောင်းအရင်းများစွာအနက် ဆေးဆိုင်အချို့တွင် ရောင်းချသူများက အမျိုးသမီးများဖြစ်နေသဖြင့် အမျိုးသားများက ဝယ်ယူရန် ရှက်ကြောက်ခြင်း၊ ကွမ်းယာဆိုင် အနည်းစုတွင်သာ တင်ရောင်းတော့ခြင်း အစရှိသည့် အကြောင်းများလည်း ပါဝင်နေသည်။ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်အချို့တွင်လည်း ကွန်ဒုံးကို ဆိုင်တင်ရောင်းချခြင်းမရှိတော့သည့်အပြင် အဖွဲ့အစည်းများမှ အခမဲ့ဖြန်ဝေခြင်းမှာလည်း နည်းပါးသွားပြီဖြစ်သည်။ ယခင်က အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် လမ်းဘေးလူစည်ကားသည့် နေရာများနှင့် ကွမ်းယာဆိုင်အချို့တွင် ကွန်ဒုံးကို အလွယ်တကူ ရရှိနိုင်သည်။ ကွန်ဒုံးဝယ်ယူရာတွင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ကြောက်ရွံ့နေရသည့် အခြေအနေရှိနေသည့်အတွက် စိတ်လုံခြုံစွာ ဝယ်ယူနိုင်မည့်နေရာမျိုး လိုအပ်ကြောင်း ထားဝယ်မြို့နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “ပတ်ဝန်းကျင်က အထန်ကောင်လားလို့ အထင်ခံရမှာလည်း စိုးတယ်” […]

သောက်သုံးရေ ရှားက ဖုန်းဆက်ပါ

diz_admin

January 18, 2021

နွေရာသီ‌တွင် သောက်သုံးရေ ရှားပါးပြတ်လပ်ပါက ဖုန်းဆက်အကူ အညီတောင်းခံနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံးတွင် အကူအညီတောင်းခံနိုင်ပြီး လိုအပ်သည့် အခြေအနေအပေါ်မူတည်ကာ ရေသယ် ကားရှိသည့် ဌာနများနှင့် ညှိနှိုင်းဖြန့် ဝေပေးမည်ဖြစ်ကြောင်း အထက်ပါဌာန တာဝန်ရှိသူက ဆိုသည်။ ထားဝယ်ခရိုင်အတွင်း ရေလိုအပ်ပါက ရုံးအပိုင်ဖြစ်သည့် ရေဂါလံ ၁၆၀ဝ ဆံ့ ရေသယ်ကားဖြင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရေရှားပြီဆို ဆက်သွယ်လာတာနဲ့ ပထမဆုံးအခြေအနေတွေကို အကဲခတ် လိုက်တာပေါ့။ ရေရုတ်တရက်လိုအပ် သွားတာလား။ သာရေးနာရေးတစ်ခုခုက ရေလိုအပ်နေတာလားပေါ့” ဟု ယင်း တာဝန်ရှိသူက ဆိုသည်။ ယင်းကဲ့သို့ဖုန်းဆက်အကူအညီ တောင်းခံလာပါက ဌာနတာဝန်ရှိသူများ က ကွင်းဆင်းစိစစ်ပြီး အရေးပေါ်လိုအပ်နေပါက ချက်ချင်းဖြန့်ဝေမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ […]

တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၁၀ ဦးတိုး

diz_admin

January 18, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်အတွင်း ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး၊ မြိတ် မြို့နယ်တွင် ၄ ဦး၊ တနင်္သာရီမြို့နယ်တွင် ၁ ဦး ထပ်တိုးလာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့အထိ စာရင်းများအရ တနင်္သာရီတိုင်းတွင် ကိုဗစ် အတည်ပြုလူနာ ၇၂၇ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသနေသူ ၂၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ ပိုးတွေ့လူနာအများစုမှာ ရန်ကုန်ပြန်များ၊ ကုန်ကားသမားများ၊ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများတွင် အများဆုံးတွေ့ရပြီး နိုင်ငံခြားပြန်နှင့် သင်္ဘောသားပြန်များတွင် တွေ့ရ နည်းသည်ဟု […]

အီတာလျံ-ထိုင်းကုမ္ပဏီအား ထားဝယ်စီမံကိန်းမှ ထုတ်ပယ်

diz_admin

January 18, 2021

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ကနဦးစီမံကိန်းများအား အကောင်အထည်ဖော်မည့် အီတာလျံ- ထိုင်း ကုမ္ပဏီ (ITD) ၏ ပါဝင်ခွင့်ကို မြန်မာအစိုးရက ရုပ်သိမ်းလိုက်သည်။ အဆိုပါကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ဖျက်သိမ်းပြီး စီမံကိန်းတွင် ပါဝင်ခွင့်ရုပ်သိမ်းလိုက်ကြောင်း မြန်မာအစိုးရ၏ အသိပေးစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျပန် အခြေစိုက် နီကိုင်းအေးရှား သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာအစိုးရက ပေးပို့ခဲ့သည့်စာအရ ကုမ္ပဏီဘက်မှ လုပ်ခွင့်ရလုပ်ငန်းများအတွက် ငွေကြေးမစိုက်ထုတ်နိုင်ခြင်း၊ Concession Fee မပေးသွင်းနိုင်ခြင်း စသည်တို့ကြောင့် သဘော တူညီမှု အဆုံးသတ်ပြီဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။ ယင်းသို့ လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ […]

ထားဝယ် ကမ်းခြေလည်ပတ်ခွင့်ပေးရန် ဒေသခံများလိုလား

diz_admin

January 18, 2021

ကိုဗစ်ကပ်ဘေးကြောင့် တနင်္သာရီ တိုင်းအတွင်းရှိ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို တိုင်းအစိုးရက ကန့်သတ်တားမြစ်ထားသည်ကို ပြန်ဖွင့်ပေးရန် ဒေသခံများ အလိုရှိနေကြသည်။ လက်ရှိတွင် ပြည်သူအများစုက သွားလာလည်ပတ်ရန် နေရာမရှိသည့်အတွက် စိတ်မွန်းကြပ်ကာ ကမ်းခြေ လည်ပတ်ခွင့်အား စည်းစနစ်တစ်ခု သတ်မှတ်ကာ ပြန်လည်ခွင့်ပြုပေးစေလိုကြောင်း ပြောဆိုလာကြသည်။ ကမ်းခြေသို့ လည်ပတ်ခွင့်ပြုပြီး ကမ်းခြေရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်သာ ရောင်းခွင့်ပြုပါက လူစုလူဝေးဖြစ်စေမည့် ကိစ္စအား ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် သွားခွင့်ပြုစေလိုကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကမ်းခြေက နေရာကျယ်တယ်ဆိုတော့ လူစုလူဝေးမဖြစ်ဘဲ ရနိုင်လောက် တယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။ ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသည့်အတွက် ဒေသခံများက တောင်တက် ခရီးစဉ်များ တွင်ကျယ်စွာ သွားလာနေ ကြသည်။ ထို့အပြင် ထားဝယ်ဒေသရှိ […]

တနင်္သာရီ အွန်လိုင်းကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲဝင်သူ တစ်သောင်းနီးပါး

diz_admin

January 17, 2021

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှ တစ်ဆင့်ကျင်းပနေသည့် ကိုယ်လက်လှုပ် ရှားအားကစား (Physical Fitness Dance) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသူ လူဦးရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။ ယင်းအားကစားပြိုင်ပွဲကို ပွဲစဉ်ကိုး ပွဲအထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ပွဲစဉ် (၅) အထိရှိနေပြီဖြစ်သည်။ မြို့နယ်အသီးသီးမှ ပွဲစဉ် ၁ တွင် ၅၆၃ ဦး၊ ပွဲစဉ် ၂ တွင် ၁၁၅၉ ဦး၊ ပွဲစဉ် ၃ တွင် ၁၆၇၇ ဦး၊ ပွဲစဉ် ၄ တွင် ၂၃၀၂ ဦး၊ ပွဲစဉ် ၅ တွင် ၂၈၉၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း အထက်ပါဌာန […]

မြိတ်တွင် မြေဆီလွှာဓာတ်ခွဲခန်း တည်ဆောက်မည်

diz_admin

January 15, 2021

မြိတ်ခရိုင်တွင် မြေဆီလွှာဓာတ်ခွဲ ခန်းတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ဓာတ်ခွဲခန်းတည်ဆောက်ရန် ကျပ်သိန်း ၃၆၀ လျာထားပြီး လက်ရှိတွင် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောကြားသည်။ ထားဝယ်ခရိုင်တွင်ရှိသည့် မြေဆီ လွှာဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနေရသဖြင့် မြိတ်နှင့်ကော့သောင်းရှိ တောင် သူများအတွက် ရည်ရွယ်ကာ မြေဆီလွှာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းဖြစ်သည် ဟု ဦးသိန်းစိုးက ဆိုသည်။ “မနှစ်က ထားဝယ်ခရိုင်မှာ တစ်လုံး ရတယ်။ ကော့သောင်းဘက်က ဆီအုန်းခြံတွေ၊ ရော်ဘာခြံတွေက တောင်းဆိုတာ ပေါ့နော်။ မြေဆီလွှာဓာတ်ခွဲချင်ပါတယ် ဆိုပြီး။ ဒီဘက်မှာကျတော့ အလှမ်းဝေး တယ်ပေါ့။ အဓိကတော့ ရည်ရွယ်တာကတော့ လယ်ရယ်၊ ဥယျာဉ်ခြံတွေရယ်ကို ပေါ့နော်” ဟု ဦးသိန်းစိုးက ပြောသည်။ မြေဆီလွှာဓာတ်ခွဲခန်းတွင် အပင်တွေအတွက် […]