ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်ထောင်မိသူများ

diz_admin

January 21, 2021

တကယ်တော့ သူတို့ ပျော်နေရ သင့်သည်။ ယခုအချိန်ဆိုလျှင် မိသားစု နှင့်အတူ ပျော်ပျော်နေရသင့်ပြီ ဖြစ်သည်။ ထောင်ကလွတ်ပြီဆိုသော်လည်း ကပ်ဘေးအကြား နောက်ထပ် နံရံလေး ဘက်အကြားသို့ ထပ်ရောက်ရပြန်သည်။ သူတို့မှာ ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။ ထိုင်းနိုင်ငံရှိ အချုပ်၊ အကျဉ်းထောင် တို့မှ အသီးသီး ပြန်လည်လွတ်မြောက် ခဲ့ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀ဝ နီးပါးမှာ ကော့သောင်းမြို့ တစ်ဖက်ကမ်းရှိ ရနောင်းမြို့တွင် ထိန်း သိမ်းခံထားရသည်။ ပြန်လည် လွတ်မြောက်သူတို့အား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲအပ်ရာတွင် ကိုဗစ်ကပ်ဘေးအတွင်း အခက်အခဲ အတားအဆီး အချို့ကြောင့် မြန်မာ အလုပ်သမားများ ဆက်လက် ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။ အဆိုပါ အထိန်းသိမ်းခံ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် မြိတ်ခရိုင် တနင်္သာရီမြို့နယ်နေ အသက် […]

အာဆီယံ အဏ္ဏဝါ ဥယျာဉ်အတွင်းမှ တစ်ဖက်စောင်းနင်း မြေခွဲတမ်း

diz_admin

January 21, 2021

လူလျှောက်လမ်းသာ ဖောက်ခွင့် ရှိသည်ဆိုသော အဏ္ဏဝါထိန်းသိမ်းရေး နယ်မြေအတွင်း မိုင်ချီသော မော်တော်ကားလမ်း တစ်ခု ဖောက်လုပ်ထားသည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်း အဏ္ဏဝါထိန်းသိမ်းရေး ဥယျာဉ်ဖြစ် သည့် လန်ပိ အမျိုးသား ဥယျာဉ်အတွင်း အနည်းဆုံး အကျယ် ၁၂ ပေမှ ၁၅ ပေ အကြားရှိ မော်တော်ယာဉ်လမ်းတစ်ခု ဖောက်လုပ်ထားသည်ကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းက တနင်္သာရီအပတ်စဉ် က တွေ့ရှိခဲ့ရသည်။ ကူဘိုတာ (Kubota) မြေထိုးစက်ယန္တရားကို အသုံးပြု၍ ဖောက်လုပ်ထားကြောင်း လက်ရာခြေရာ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။ ဒီဇင်ဘာလ နှောင်းပိုင်းက မျက်မြင်တွေ့ရှိမှုအရ လမ်းဖောက်ထားမှုမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးပြီး လမ်းဘေးရေမြောင်းငယ်များ၊ တံတားများ၊ လမ်းအောက်ရေဆင်းမြောင်းများလည်း ပါဝင်သည်။ ယင်းအပြင် လမ်းမဘေးတွင် သစ်ပင်ကြီး အချို့ လဲကျနေသည်ကိုလည်း […]

ကိုဗစ်ကြောင့် ကံပေါက် အပ်ထိုး၊ မီးနင်းပွဲ မကျင်းပဖြစ်

diz_admin

January 21, 2021

နှစ်ပေါင်းသုံးဆယ်နီးပါးကျင်းပလာခဲ့သည့် ရေဖြူမြို့နယ် ကံပေါက်ရွာရှိ ဆာရီကာလီယမ္မားမယ်တော်ကြီး ဟိန္ဒူ ဘုရားကျောင်းမှ အပ်ထိုး၊ မီးနင်းပွဲမှာ ကိုဗစ်ကန့်သတ်ချက် လူစု၊ လူဝေး လုပ်ခွင့်မရှိသဖြင့် မကျင်းပဖြစ်တော့ကြောင်း ယင်းဘုရားကျောင်းထံမှ သိရသည်။ ယင်းပွဲတော်သည် ကံပေါက်ဒေသတွင် အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ စပြီး နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိကြောင်း ဘုရား ကျောင်းပူဂျာရီ ဦးစိုးဝင်းက ဆိုသည်။ “လူစုလူဝေးလုပ်မရလို့ ပွဲတော် မကျင်းပဖြစ်ပေမယ့် ရိုးရာပူဇော်ပွဲကိုတော့ ဘုရားကျောင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့အညီ ပြုလုပ်မယ်” ဟု ဦးစိုးဝင်း က ဆိုသည်။ ရိုးရာပူဇော်ပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ယခင်က ယင်းပွဲတော်ကို ငါးရက် တိုင်တိုင်ကျင်းပလေ့ရှိပြီး ပထမရက်တွင် အလံတင်၊ ဒုတိယနှင့် တတိယရက်တို့တွင် […]

ကိုဗစ်အကြား ယာဉ်တိုက်မှု ပိုတက်

diz_admin

January 20, 2021

မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် လပေါင်းများစွာ အသွားအလာကန့်သတ်ထားသော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားမှု တိုးလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၇၅၀ ခု ရှိခဲ့သော် ကိုဗစ်ကပ်ဘေးဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၈၅၈ မှု အထိ ဖြစ်ပွားခဲ့သည်။ ယာဉ်မတော်မဆမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀၄ ဦးနှင့် သေဆုံးသူ ၂၄၀ ဦး ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၂၀ဦး၊ သေဆုံးသူ ၂၄၇ ဦး ရှိခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) ရှိ စာရင်းအရ သိရသည်။ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများသည် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှုက အများဆုံးဖြစ်ပြီး […]

မီးလောင်မှုကြောင့် လူ ၇၀ နီးပါ မီးဘေးသင့်

diz_admin

January 20, 2021

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်လေးမြိင်ရပ်ကွက်တွင် နေအိမ် ၁၂ ဆောင် မီးလောင်ကျွမ်းခဲ့ရပြီး မီးဘေးသင့်သူဦးရေ ၇၀ ကျော်ခန့်ရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အင်းလေးမြိုင်ရပ်ကွက် ပဒုမ္မာ ၃ လမ်းရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေ အိမ်တစ်ဆောင်မှ စတင်လောင်ကျွမ်းခဲ့သည့် မီးမှာ ပဒုမ္မာ ၃ လမ်းနှင့် လမ်းမကြီးပေါ်တို့ရှိ အာစီတစ်ထပ်တိုက် တစ်လုံးနှင့် နှစ်ထပ်တိုက်တစ်လုံးတို့ အပါအဝင် နေအိမ်များ မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရ သည်။ မီးဘေးသင့်သူများအား အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။ မီးစတင်လောင်နေသည့် နေအိမ်မှ ပိုင်ရှင်မှာ တိမ်းရှောင်နေပြီး မီးလောင်သည့် အကြောင်းရင်းအား စုံစမ်းဆဲဖြစ်ကြောင်း မြိတ်ခရိုင် […]

ကြိုးဝိုင်းမြေရောင်းချမှုဖြင့် ဇာဒီအုပ်ချုပ်ရေးမှူးနှင့် လူနှစ်ဆယ်နီးပါးကို တိုင်သော်လည်း အကြောင်းမထူးဟုဆို

diz_admin

January 20, 2021

ဘဝါသစ်တောကြိုးဝိုင်းမြေ ရောင်း ချသည်ဟုဆိုကာ ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၈ ဦးအား တိုင်ကြားထားသော်လည်း တစ်နှစ်နီးပါးကြာသည်အထိ အကြောင်းမထူးသေးကြောင်း တိုင်ကြားရာတွင် ပါဝင်သူ အချို့က ဆိုသည်။ ဘဝါသစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာအနီးရှိ ဒေသအခေါ် ကျောက်မဲတောင်မြေကို တရုတ်ကုမ္ပဏီ တစ်ခုထံ ကျပ်သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလတွင် စတင်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင်ပါဝင်သည့် ဦးကျော်ဦးက ပြောသည်။ သစ်တောကြိုးဝိုင်းမြေအား ရောင်းချသူများတွင် ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူး၊ ဇာဒီရွာ ရပ်/ကျေး စာရေးတစ်ဦးနှင့် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ဒိုက်တကော် ကျေးရွာသားအချို့ အပါအဝင် စုစုပေါင်း ၁၈ ဦးရှိကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ ပထမအကြိမ်အဖြစ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံလိပ်မူတိုင်ကြားခြင်း ဖြစ်ပြီး အကြောင်းမထူးသဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ထံ […]

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်း အွန်လိုင်းမှ ထုတ်ပြန်မည်

diz_admin

January 20, 2021

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ https://mmexam score.org တွင် ဝင်ရောက်ပြီး မိမိ၏ ခုံနံပါတ်၊ မွေးသက္ကရာဇ်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ကာ မိမိ၏ အမှတ်စာရင်းကို ရှာဖွေ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာ ထားသည်။ ရုံးများသို့ လာရောက် လျှောက်ထားခြင်းမပြုရန်‌ မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာထားသည်။ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပြန်ပေးမည့် အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ထို့အပြင် အမှတ်စာရင်းကြည့်ရှုရန် နည်းလမ်း လမ်းညွှန်ရုပ်သံဖိုင်ကို […]

ဇန်နဝါရီ ၁၈ နောက်ပိုင်း အအေးလျော့လာမည်ဟုဆို ယခုတစ်ပတ် မိုးရွာနိုင်

diz_admin

January 20, 2021

တနင်္သာရီတိုင်းတွင် ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ပိုင်း အအေးလျော့လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ ပျမ်းမျှ အနိမ့်ဆုံး အပူချိန်ခန့်သာရှိနေပြီး ဇန်နဝါရီ ဒုတိယအပတ်မှ စတင်ကာ အနိမ့်ဆုံးအပူ ချိန်မှာ ၂ ဒီဂရီစင်တီဂရိတ်ခန့် ကျဆင်းသွားသဖြင့် ပိုအေးလာခြင်းဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ စာရင်းအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအတွင် ယခုဆောင်းအတွက် အနိမ့်ဆုံး အပူအချိန်အဖြစ် ထားဝယ်၌ ၁၄၊ မြိတ်တွင် ၁၆.၅၊ ကော့သောင်းတွင် ၁၇ နှင့် လောင်းလုံးတွင် ၁၂.၅ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့သည်။ လာနီညာရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့်နှင့် […]