ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ သိန်း ၇၀ဝ ကျော်ရ

diz_admin

February 10, 2021

ထားဝယ်ခရိုင်တွင် ကိုဗစ်ကာကွယ် ဆေးဝယ်ရန် လာရောက်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၇၅၀ ရရှိ ထားပြီဖြစ်ကြောင်း COVID-19 ထိန်းချုပ် ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ ထားဝယ်ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လာရောက်လှူဒါန်းသည့်ငွေ အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ အများဆုံး ကျပ်သိန်း ၅၀ ခန့်အထိ လှူဒါန်းကြသည် ဟု အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။ “လာလှူသူတွေကိုတော့ လိုက်ပြီး တော့ယူပေးလိုက်တယ်ပေါ့။ သက်သက်မဲ့တော့ သွားပြီးတော့ လာလှူကြ ဘာကြဆိုတော့ သွားပြီးတော့ မတိုက်တွန်းချင်ဘူး။ အခုလည်း စီးပွားရေးအရလည်း အားလုံးကို အကျပ်အတည်းတွေလည်း ရှိနေတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဆန္ဒရှိသူ လာလှူကြပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။ နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ် […]

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ ကျပ်သိန်းပေါင်း သုံးထောင်နီး ပါးရ

diz_admin

February 10, 2021

ကိုဗစ်နိုင်တီး ကာကွယ်ဆေး ဝယ်ယူ ရရှိရေးအတွက် အလှူငွေများစတင် လက်ခံခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျပ်သိန်းပေါင်း သုံးထောင်နီးပါးရရှိထားကြောင်း မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီထံမှ သိရသည်။ ကိုဗစ်နိုင်တီး ကာကွယ်ဆေးဝယ်ယူရေးအတွက် မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြိတ်ဒေသကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြုကော်မတီတို့မှ ငွေကျပ်သိန်းတစ်ရာမတည်ခဲ့ပြီး အလှူငွေ များအား လက်ခံပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၈ ရက်နေ့အထိ စုစုပေါင်းရရှိငွေ ကျပ်သိန်းပေါင်း ၂၉၀ဝ ကျော် ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။ “ဆေးဝါးဒါနတစ်ခုဖြစ်တော့ ထည့်ကြတာ” ဟု မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီ၏ […]

မောတောင်- စင်ခွန်းဂိတ် ပြန်ပိတ်

diz_admin

February 10, 2021

လတ်တလောဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်- စင်ခွန်းနယ်စပ်ဂိတ်အား ဖေဖော်ဝါရီ လ ၆ ရက်နေ့မှစပြီး ရက်အကန့်မသတ်မရှိ ပြန်လည်ပိတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့ပြီးနောက် ထိုင်းဘက်မှ စင်ခွန်းဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားသည်။ သို့သော် ထိုရက်တွင်ပင် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အကြာတွင် ပြန်ပိတ်ခဲ့ရခြင်း ဖြစ်သည်။ ဖွင့်လှစ်မည်ဟု ကြေညာထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြိတ်မှ ရေထွက်ကုန်များ‌ ရောက်ရှိလာကြခဲ့သည့်အတွက် နှစ်ရက်တာ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မောတောင်‌ မြို့မရပ်နေသူ အသက် ၄၀ ရှိ […]

မြိတ်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်

diz_admin

February 10, 2021

မြိတ်-တနင်္သာရီ ကားလမ်းမကြီးပေါ်ရှိ ပသောင်းကျေးရွာတွင် ဇန်နဝါရီ လ ၃၁ ရက်နေ့ နံနက် နှစ်နာရီခွဲ အချိန်ခန့်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာထံမှ သိရသည်။ ပသောင်းကျေးရွာရှိ နှစ်ထပ် နေအိမ်တစ်ဆောင်၏ အောက်ထပ်အတွင်းရှိ လျှပ်စစ် မိန်းခုံရှော့ ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ ကွန်ကရစ်ခင်း နှစ်ထပ်အိမ်တစ်ဆောင်အပါအဝင် စုစုပေါင်း နေအိမ်သုံးဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ထို့ပြင် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းထားသည့် ငါးခန်းတွဲ ဈေးဆိုင်ခန်းတစ်ဆောင်၊ ကွမ်းယာဆိုင်တစ်ဆိုင်၊ ကုန်စုံဆိုင်တစ် ဆိုင်၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ စက်ဘီးနှစ်စီး၊ စပါးတင်းတစ်ရာကျော်နှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ […]

စစ်ကြောင်းပိုများလာသော ထားဝယ်သပိတ်

diz_admin

February 10, 2021

ပင်မ စစ်ကြောင်းတွင် ပူးပေါင်းပါဝင်လာသော စစ်ကြောင်း ပိုများလာပြီး အခြားလမ်းကြောင်းဖြင့် ချီတက်သော သီးခြားစစ်ကြောင်းများလည်း ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့တွင် ပိုများလာသည်။ စစ်ကြောင်းများတွင် ရှေ့နေများ၊ မြေစာရင်းဌာန၊ ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပြည်တွင်း အခွန်များ ဦးစီးဌာန စသည့် ဌာန အချို့လည်း ပါဝင်လာသည်။ အသေးစိတ်ကို ဆက်လက် တင်ဆက်ပါမည်။ Dawei watch

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ဆိုင်းငံ့

diz_admin

February 9, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည့် လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာကြောင်း ထားဝယ်ခရိုင် အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ ရပ်ကွက်အလိုက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဆိုင်းငံ့ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဖြင့် ညွှန်ကြားလာကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ ယခင်က ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် နေ့ရက်သတ်မှတ်ပြင်ဆင်ထားရာမှ ဖုန်းဖြင့်ညွှန်ကြားလာသည့်အတွက် ရွေးချယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း အထက်ပါအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းကဲ့သို့ ရပ်ဆိုင်းထားရန်သာ ပြောပြီး မည်ကဲ့သို့ ဆက်လုပ်မည်ကိုမူ ညွှန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ “ဘယ်လိုစီမံခန့်ခွဲမလဲတော့ မသိဘူး၊ ပြန်ပြီးပဲ ခန့်မလား အခြားလူကို ဆွဲခန့်မလားဆိုတာ အတိအကျမသိ ရသေးဘူးခင်ဗျား” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်မြို့နယ်အပြင် သရက် ချောင်းမြို့နယ်တွင်လည်း ယင်းကဲ့သို့ ရပ်ဆိုင်းထားရန် […]

သောင်းကျန်းဆဲ မြေသယ်ကားများ

diz_admin

February 9, 2021

လောင်းလုံးမြို့နယ် သောကြာပြင် ကျေးရွာတစ်ဝိုက်တွင် မြေသယ်ကားများ ကို အချိန်ကန့်သတ်ကာ ပြေးဆွဲရန် မြို့နယ်တာဝန်ရှိသူများက စည်းကမ်း သတ်မှတ်ထားသည်။ မြေသယ်ကားသွားလာချိန်ကို နံနက် လေးနာရီမှ နံနက် ခုနစ်နာရီခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ် တစ်ရက် လျှင် နှစ်ကြိမ်သွားလာရန် ကန့်သတ် ထားသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဇန်နဝါရီလအတွင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုး တိုင်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ် လက်ရှိတွင်မူ အဆိုပါကန့်သတ်ချက်များကို လိုက်နာမှုမရှိတော့ဘဲ ယခင် အတိုင်းပင် အချိန်ပြည့်နီးပါး သွားလာနေကြသည်ဟု သောကြာပြင်ရွာနေ ဒေသခံ အချို့က ဆိုသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ ယခင်ပုံစံအတိုင်း […]