ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် သိန်းချီသည့် ပြည်သူနှင့်နိုင်ငံ့ဝန်ထမ်းများ အထွေထွေသပိတ်ဆင်နွှဲ

diz_admin

February 16, 2021

(မြိတ်သပိတ် သုံးရက်မြောက်နေ့ -ဖေဖော်ဝါရီ ၉ ) တပ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေနှင့် သိန်းချီ သည့်ပြည်သူလူထုနှင့်အတူ နိုင်ငံ့ဝန်ထမ်းများလည်း မြိတ်မြို့ ဖေဖော်ဝါရီ ၉ ရက်နေ့ သပိတ်တွင်ပါဝင်လာသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က လူထောင်ချီ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြရာမှ ဒုတိယနေ့တွင် လူသောင်းချီရှိခဲ့ပြီး ဖော်ဖော် ဝါရီ ၉ ရက်နေ့တွင်နိုင်ငံ့ဝန်ထမ်းများပါဝင်လာခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများထဲတွင် ရာပေါင်းများစွာပါဝင်သည့် ပညာရေး ဌာနမှ ကျောင်းဆရာ/ဆရာမများနှင့် အဖြူစိမ်းဝတ်ကျောင်းသား/ကျောင်းသူများ၊ ရာချီသည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာန များမှ အစိုးရဝန်ထမ်းများ၊ ရှေ့နေများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ပါဝင်သည်။ ယင်းအပြင် ရဲဝန်ထမ်းတစ်ဦးသည်လည်း ဆန္ဒပြ ပြည်သူများ နှင့်အတူ ပူးပေါင်းခဲ့သည်။ အစိုးရဝန်ထမ်းများမှ “ရုံးမတက်နဲ့ ရုန်းထွက်” “စစ်အစိုးရ အလိုမရှိ” “အမေစုနှင့် ဖမ်းဆီးထားသူ […]

ရှေ့နေများထံ ဆက်သွယ်ပါ

diz_admin

February 16, 2021

လက်ရှိဖြစ်စဉ်များတွင် မတရား ဖမ်းဆီးခံရပါက ထားဝယ်ရှေ့နေကွန်ရက်ထံ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။ သပိတ်မှောက်ဆန္ဒပြရာတွင်လည်းကောင်း၊ အလုပ်မဆင်းဆန္ဒထုတ်ဖော်ရာ တွင်လည်းကောင်း အဖမ်းခံရပါက ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်၏ တာဝန်ခံက ဆိုသည်။ ရှေ့နေချုပ်ရုံးမှ ပြဋ္ဌာန်းထားသည့် “မျှတသော တရားခွင်ဆိုင်ရာအခွင့် အရေးများ” စံနှုန်းအတိုင်း ဖမ်းဆီး ခံရချိန်မှ တရားရုံးအထိ အခမဲ့လိုက်ပါကူညီပေးမည်ဖြစ်ကြောင်း ယင်း တာဝန်ခံက ပြောသည်။ “လူတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ် ဖော်ခွင့်ကို ကန့်သတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘဲနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ တဲ့ဟာတွေ ဒီလိုအမှုတွေအတွက် လိုက်ပေးတာပါ” ၎င်းက ဆိုသည်။ ယင်းသို့ လိုက်ပါကူညီရန် ရှေ့နေ ဆယ်ဦးခန့်စုဖွဲ့ထားကြောင်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ “ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီတဲ့ကိစ္စတွေ ကြားသိမြင်တွေ့နေရတာ […]

ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်း ဖမ်းဆီးခြင်းထပ်မလုပ်ရန် ထားဝယ်ပါတီ CEC အချို့ တောင်းဆို

diz_admin

February 16, 2021

တပ်မတော်အာဏာသိမ်းမှုအပေါ် ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေမှုအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ထပ်မလုပ်ရန် ထားဝယ် တိုင်းရင်းသားများပါတီ အလုပ်မှုဆောင် ကော်မတီဝင် အချို့က တောင်းဆိုလိုက်သည်။ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် သုံးဦး နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နှစ်ဦး၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် တပ်မတော်က မည်သည့်အကြောင်းကြောင့်ဖြစ်စေ တပ်မတော်အာဏာသိမ်းခြင်းကို လက်မခံကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ထပ်မံဖမ်းဆီးခြင်း မလုပ်ရန်နှင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။ ထိုအကြောင်းအရာများကို ထားဝယ် ပါတီအနေဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ အတွင်းရေးမှူးအဖွဲ့ဝင်သုံးဦးနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နှစ်ဦးတို့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ စစ်အာဏာသိမ်းသည့်အပေါ် ထားဝယ်တိုင်းရင်းသားများပါတီက အချိန်အတိုင်းအတာတစ်ခုအထိ ရေငုံနှုတ်ပိတ်နေသည့်အပေါ် ဝေဖန်ပြောဆိုမှုများ လည်းရှိသည်။ ယင်းသို့ထုတ်ပြန်ရန် ပါတီတွင်း […]

အာဏာသိမ်းအစိုးရကို စွမ်းအင် ကုမ္ပဏီများ မထောက်ပံ့ရန် ဆန္ဒပြ

diz_admin

February 16, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖေဖော်ဝါရီလ ၁၂ ရက် ဆန္ဒပြပွဲတွင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ အာဏာ သိမ်းအစိုးရကို မထောက်ပံ့ရန် တောင်းဆိုခဲ့ကြသည်။ ကံပေါက်ဒေသတွင် Petronas၊ PTTEP၊ TOTAL၊ Chervon၊ MOGE နှင့် JX စသည့် စွမ်းအင်ကုမ္ပဏီများ အခြေစိုက်ရာဒေသဖြစ်ပြီး ကမ်းလွန် စွမ်းအင်များကို ထိုင်းနိုင်ငံသို့အဓိကတင် ပို့သည်။ ယင်းသို့တောင်းဆိုသည့်ဆန္ဒပြပွဲမှာ လူတစ်ရာကျော်ပါဝင်သည့် အုန်းပင်ကွင်း ကျေးရွာဆန္ဒပြပွဲမှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ယင်းမှ တစ်ဆင့် ကံပေါက်ဒေသ ဆန္ဒပြပွဲတွင် သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “ဂစ်(စ်)တွေက စစ်တပ်ကိုအထောက် ပံ့ဖြစ်စေတယ်လေ။ အခုဖြစ်နေတာတွေကလည်း စစ်တပ်ကြောင့်ပဲဖြစ်နေတာ ဆိုတော့ သူတို့ကို စွမ်းအင်တွေ မထောက်ပံ့ဖို့အတွက် တောင်းဆိုဖြစ်တာ” ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက […]

တနင်္သာရီတိုင်းက အကျဉ်းသားတစ်ထောင်ကျော်ကို ပြန်လွှတ်

diz_admin

February 16, 2021

တပ်ကအာဏာသိမ်းပြီး ၁၂ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်က တနင်္သာရီတိုင်းမှ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတစ် ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ ထားဝယ်အကျဉ်းထောင်မှ ၁၄၅ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၆၂ ဦး၊ ကျောက်ဖြူကျောက်ထုတ်စခန်းမှ ၁၇၂ ဦး၊ ပုလောမြို့နယ် နတ်စင်ကုန်းအကျဉ်း စခန်းမှ ၄၈ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးအသက်ကယ်စခန်းမှ ၁၅၉ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၂၄၀ ဦးကို လွှတ် ပေးလိုက်ခြင်းဖြစ်သည်။ ယင်းလွှတ်ပေးလိုက်သူများတွင် ထိုင်းနိုင်ငံသား ခြောက်ဦး၊ ဘင်္ဂလီ နှစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦး စုစုပေါင်း နိုင်ငံခြားသား ကိုးဦးပါဝင်ပြီး အမျိုးသား ၁၀၆၈ ဦး၊ အမျိုးသမီး ၅၈ ဦးပါဝင်သည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအထဲတွင် မူယစ်ဆေးအမှုဖြစ်ထောင်ကျနေသူများ၊ […]

အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်နှင့် ဆီဈေးတက်

diz_admin

February 15, 2021

အာဏာသိမ်းပြီးနောက် တစ်ပတ်အတွင်း မြိတ်တွင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့်ဆီဈေး တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာမသိမ်းမီ ဈေးကွက်ပေါက်ဈေးအရ ၂၄ ပြည်ဝင် ၁၀၈ ပေါင်ရှိ ဆန်တစ်အိတ်၏ ဈေးနှုန်း နှစ်သောင်း ခုနစ်ထောင်ကျပ်ရှိခဲ့ရာမှ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်သုံးသောင်းအထိ ဈေးတက်ခဲ့ကြောင်း မြိတ်မြို့ရှိ ဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “ဧရာဝတီတိုင်း ကဝယ်တဲ့ဟာ ဈေးတက်သွားလို့ ကျွန်တော်တို့လည်း ဈေးတင်ပြီး ရောင်းနေရတာ” ဟု နောက်လယ်ဈေးအနီး ဆန်ရောင်းချသူ တစ်ဦးကပြောသည်။ဆန်ဈေးတက်သလို စားသုံးဆီများလည်း အလားတူဈေးတက်ခဲ့ကြောင်း သိရသည်။ စားသုံးဆီ ဆယ်ပိသာ ခြောက်ဆယ် ဝင်ဆန့်သည့် ဆီတစ်ပုံးဈေးမှာ အာဏာမသိမ်းမီက နှစ်သောင်း ခြောက်ထောင်ရှိခဲ့ရာမှ ယခုအခါ သုံးသောင်းတစ်ထောင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ဆန်ကုန်သယ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း […]

တနင်္သာရီတိုင်း Mytel ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်း

diz_admin

February 15, 2021

တနင်္သာရီတစ်တိုင်းက Mytel ကုမ္ပဏီရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်းတောကြောင်း ယင်းကုမ္ပဏီက ဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုသည်။ တစ်တိုင်းလုံးရှိ ဝန်ထမ်း ၂၃၀ ကျော်မအလုပ်ဆင်းတော့ဘဲ ဆယ် ဂဏန်းခန့်သာအလုပ်ဆင်းနေကြောင်း ယင်းအမျိုးသားက ပြောသည်။ အလုပ်မဆင်းပါက ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုရှင်း ပြပြီးမှ အလုပ်မဆင်း လှုပ်ရှားမှုတွင် ပါဝင်ကြောင်း လက်မှတ်ရေးထိုးပြီးပါဝင်ကြခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသား က ရှင်းပြသည်။ “လုပ်သင့်တယ်ထင်လို့လုပ် တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ထုတ်ကုန်ကို ပြည်သူတွေ သုံးမှ ကျွန်တော်တို့ထမင်းစားရတယ်လေ။ ဒီအချိန်မှာ ကိုယ့်မိသားစုကိုပဲ ကြည့်နေလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေဖြစ်တဲ့ အတွက် သူတို့နဲ့အတူတူ ရပ်တည်ရမယ်” ဟု ၎င်းကဆိုသည်။ အလုပ်မဆင်းဘဲနေခြင်းသည် ကုမ္ပဏီကိုတိုက်ခိုက်လိုခြင်းမဟုတ်ဘဲ စစ်အာဏာရှင်ကို တွန်းလှန်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

လိုင်စင်ရ ဟိုတယ်ဖွင့်ပြီး ရှစ်နှစ်အကြာမှ သစ်တောကြိုးဝိုင်း ကျူးကျော်မှုဖြင့် တရားစွဲခံရ

diz_admin

February 15, 2021

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ လိုင်စင်ဖြင့် မောင်းမကန် ရွာတွင်ဖွင့်ထားသည့် ကိုကိုးနတ်ဧည့် ရိပ်သာပိုင်ရှင်အား သစ်တောကြိုးပြင် ကာကွယ်တောအတွင်း ကျူးကျော် ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း ကာယကံရှင်ထံမှ သိရသည်။ အဆိုပါ ဧည့်ရိပ်သာအား ၂၀၁၃ ခုနှစ်ကတည်းက အထက်ပါဌာန၏ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လာခဲ့ပြီး ယခုလတွင်မှ ကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဒေါ်ဇင်မာအေး က ဆိုသည်။ ဟိုတယ်/ခရီးဌာန၏ လိုင်စင်အား ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးရလေ့ရှိပြီး ၂၀၁၉ ခုနှစ်က သက်တမ်းတိုးရန် သွားလျှောက်ချိန်တွင် သက်တမ်းတိုး၍ မရတော့ဟု ပြောကြောင်း ၎င်းက ဆိုသည်။ ယင်းအချိန်တွင်မှ သက်တမ်းမတိုး ပေးတော့ဘဲ သစ်တောကြိုးဝိုင်းဧရိယာအတွင်းကျရောက်နေသည့်အတွက် သက်တမ်းတိုး၍ မရတော့ဟု အကြောင်းကြားစာပို့လာကြောင်း ဒေါ်ဇင်မာအေးက ပြောသည်။ […]