Stay at Home မြို့နယ်မှ လာသူများ ၁၀ ရက် အသွားအလာ ကန့်သတ်ခံရမည်
diz_admin
June 24, 2021ကိုဗစ်ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်သို့ လာရောက်သူများ ၁၀ ရက် အသွားအလာကန့်သတ်ခံရမည်ဟု မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ အသွားအလာကန့်သတ်ထားစဉ် ကိုဗစ်ရောဂါပိုး ရှိ မရှိကို ၃ ရက်မြောက်နေ့တွင် ပထမအကြိမ် စစ်ဆေးခံရမည်ဖြစ်ပြီး ၇ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် စစ်ဆေးခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သူများကိုလည်း စစ်တောင်းတံတားဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းလုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။ စစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်မြင့်သူ သံသယလက္ခဏာရှိသူကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာပြီး သွေးတွင်းအောက်ဆီဂျင် ၉၂ ရာခိုင်နှုန်း အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်သည်။ “စစ်ဆေးရေးဂိတ်မှာ ပိုးတွေ့လူနာတွေ့ရှိပါက […]


