ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်ဒေသထွက် ဒူးရင်းသီးဈေး ထက်ဝက်ကျ

diz_admin

May 18, 2020

မြိတ်ဒေသမှ ထွက်ရှိလာသည့် ရာသီပေါ်ဒူးရင်းသီးများ ဈေးထက်ဝက်ကျဆင်းပြီး ဝယ်ယူစားသုံးသူများလည်း နည်းပါးလာကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။ ယခင်နှစ်များက ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ ကျပ်သုံးထောင်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်ငါးရာမှ ကျပ်တစ်ထောင့်ငါးရာအထိသာ ပေါက်ဈေးရှိတော့ကြောင်း မြိတ်ကမ်းနားလမ်းရှိ ဒူးရင်းသီးရောင်းဝယ်သူများက ဆိုသည်။ “ခရီးသွားလာသူတွေ မရှိတော့ ရောင်းအားလည်း သုံးချိုးနှစ်ချိုးလောက် ကျသွားတယ်။ ဈေးကလည်း မရှိဘူး” ဟု ဒူးရင်းသီးရောင်းဝယ်သူ ဒေါ်ခင်ရီက ပြောသည်။ ယခင်က တစ်နေ့စာရောင်းချရသည့် ဒူးရင်းသီးကို ယခုအခါ နှစ်ရက်ခန့်ရောင်းချရကြောင်း ၎င်းတို့က ပြောပြသည်။ “ဒီနှစ်မျိုးတစ်ခါမှ မကြုံဖူးဘူး။ ဈေးကျနေတာတောင်မှ ဝယ်စားမယ့်သူက သိပ်မရှိကြဘူး” ဟု နှစ်စဉ်ဒူးရင်းသီးဝယ်ရောင်းသူ မစန်းစန်းအေးက ပြောသည်။ ယခုနှစ် အပူချိန်ပြင်းပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် အပြင်လည်းမထွက်ဖြစ်သလို ဒူးရင်းသီးသည်ထံသို့လည်း မရောက်ဖြစ်တော့ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်နေ […]

မြိတ်တွင် နှာခေါင်းစည်း မတပ်၍ အရေးယူမှု နှစ်ရာကျော်

diz_admin

May 18, 2020

မြိတ်တွင် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း နှာခေါင်းစည်း မတပ်၍ အရေးယူခံရသူ ဦးရေ ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ ကရုဏာ နာရေးကူညီမှုအသင်းနှင့် နယ်မြေအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးတွင် လမ်းသွားလာသူများနှင့် ယာဉ်မောင်းနှင် သွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။ အဆိုပါ အရေးယူခံရသူဦးရေ ၂၀၀ ကျော်သည် အောင်ဆန်းလမ်းမကြီး နေရာရာ တစ်နေရာတည်းတွင် စစ်ဆေးချိန် အရေးယူခံရသူများ ဖြစ်သည်။ နှာခေါင်းစည်းမတပ်ထားသူများ ကို ငွေကျပ်ငါးထောင်နှင့် ညီမျှသည့် နှာခေါင်းစည်း ဆယ်ခု ဝယ်ယူစေကြောင်း ကရုဏာ နာရေးကူညီမှုအသင်းမှ […]

မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

diz_admin

May 12, 2020

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့် မော်တော်ဆိုင်ကယ်က ယာဉ်နောက်ဘက်မှဝင်တိုက်မိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး‌နောက် ဒဏ်ရာရသည့် ဆိုင်ကယ်စီးအမျိုးသားအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ရာညဘက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါစခန်းမှူးက ပြောသည်။ လက်ရှိတွင် မော်တော်ယာဉ်မောင်းနှင်လာသူအား မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။ မြင့်မိုရ်(မြိတ်)

ရော်ဘာအရနည်း၊ ဈေးထက်ဝက် နီးပါးကျ

diz_admin

May 12, 2020

ယခုနှစ်တွင်မြိတ်ရှိ ရော်ဘာများအရနည်းပြီးဈေးနှုန်းများလည်း ထက်ဝက်နီးပါးကျဆင်းနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကိုဗစ်နိုင်တင်းမဖြစ်မီက မှိုင်းခံရော်ဘာအပြား တစ်ပိဿာကျပ်၂၇၀ဝ အထိဈေးပေါက်ခဲ့ပြီး ယခုလတွင်ကျပ် ၁၈၀ဝ သာပေါက်ဈေးရှိတော့ကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိရော်ဘာအဝယ် ဒိုင်ပိုင်ရှင်ဦးဖိုးကျော်က ပြောသည်။ “ပြီးခဲ့တဲ့နှစ်ကထက် ရော်ဘာအထွက်နှုန်းနည်းလာသလိုဈေးကလည်း တော်တော်ကျဆင်းသွားတယ်” ဟု ၎င်းက ပြောသည်။ ယခင်နှစ်ထက် ယခုနှစ်နွေရာသီ အပူချိန်ပိုများလာပြီးရော်ဘာ အထွက်နှုန်းကျဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဈေးနှုန်းများလည်းကျဆင်းခဲ့ရကြောင်း မြိတ်မြို့နယ်၊ ရွှေဒူးရွာရှိရော်ဘာ စိုက်တောင်သူကိုကျော်နိုင်က ဆိုသည်။ “အစေးကလည်းလျော့၊ ဈေးက လည်းကျသွားတယ်ဆိုတော့ ငွေကြေးအားဖြင့် ထက်ဝက်လောက်ကွာသွားတာပေါ့” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ညလျှင် ရော်ဘာအရည် ၁၅ ဂါလံဝင်နှစ်ပုံးခန့်ရနေရာမှ ယခုနှစ်တွင်တစ်ပုံးကျော်ကျော်သာ ရရှိတော့ကြောင်းကိုကျော်နိုင်က ပြောပြသည်။ ယင်းအပြင်ည၁၀နာရီမှနံနက် ၄ နာရီအတွင်း ညမထွက်ရဒေသန္တရအမိန့်ကြောင့် ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာအစေးခြစ်ချိန်နည်းပါးလာကြောင်း […]

ပုလောမြို့ရှိ ပျံကျဈေးသည်များအား နေရာသစ်သို့ ထပ်ပြောင်း

diz_admin

May 11, 2020

မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ ပျံကျဈေးသည်များအား မေလ ၆ ရက်နေ့မှစပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယရင်ပြင်တော်ပေါ်သို့ ရွှေ့ပြောင်းနေရာချထားကြောင်း ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အခြေအနေတွင် ပုလောမြို့မဈေးကြီး အပြင်ဘက်တွင်ရောင်းချနေကြသည့် ပျံကျဈေးသည်များအား ရပ်ကွက်သုံးခုတွင် သုံးနေရာခွဲပြီးရောင်းချနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း အဆင်မပြေသောကြောင့် ယခုကဲ့သို့ ထပ်ပြောင်းခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “ခွဲပေးတဲ့‌ နေရာမှလည်း အဆင်မပြေဘူး။ လူစုလူဝေး ထပ်ဖြစ်နေတာ” ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောသည်။ ထို့ကြောင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား ကျင်းပရေး ကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။ ရွှေ့ပြောင်းပေးထားသည့် နေရာတွင် လမ်းအကျယ် ပေ ၃၀ နှင့် […]

မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်

diz_admin

May 11, 2020

မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။ ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက သုံးရာခန့်အထိ ရေမြုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ရေနစ်မြုပ်နေသည့် နေအိမ်အချို့မှမိသားစုများသည် နီးစပ်ရာအိမ်များတွင် ယာယီနေထိုင်နေကြကြောင်း ယင်းကျေးရွာနေသူများက ပြောပြသည်။ “ဒီရေတက်လာရင် အနီးအနားအိမ်တွေမှာတောင်းပြီး လိုက်နေကြတယ်။ ရေကျသွားရင်တော့ တိုက်ချွတ်ဆေးကြောပြီး ပြန်နေကြရတာပေါ့”ဟု ယင်းတံငါရွာနေသူတစ်ဦး ပြောပြသည်။ လယ်ကွင်းများမှာ နေ့စဉ်ဒီရေတက်ချိန်တွင်း ရေမြုပ်နေပြီး ရွာရှိနေအိမ် ၁၀ အိမ်ဝန်းကျင်မှာ ဒီရေထရက်များတွင် တစ်လနှစ်ကြိမ်ပုံမှန် ရေနစ်မြုပ်လေ့ရှိသည်။ ယင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာခန့်ရှိကာ ကျောင်းသူကျောင်းသား ရှစ်ဆယ်ဦးခန့်သည် ပုံမှန်ကျောင်းဖွင့်ချိန် မိုးရာသီတွင် ဗွက်ထနေသည့် […]

မြိတ်ကေတီဗွီဆိုင်ကိစ္စ ပြစ်ဒဏ်နည်း၍ ပြင်ဆင်မှုတက်ရန် ပြင်

diz_admin

May 11, 2020

မြိတ်တွင် ဒေသန္တရအမိန့် ချိုးဖောက် ခဲ့သည့် ကေတီဗွီဆိုင် သုံးဆိုင်အား ဒဏ်ငွေ ကျပ်ငါးသောင်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပြင်ဆင်မှု တက်ရန် ဆွေးနွေးရန်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။ အမိန့်ထုတ်ပြန်ပြီးနောက် ယင်း ကဲ့သို့ဖောက်ဖျက်ခြင်းမှာ အမိန့်ကို တမင် ဖီဆန်သည့်သဘောဖြစ်နေသည့် အတွက် ပြစ်ဒဏ်တိုးမြှင့်နိုင်ရေး ပြင်ဆင် မှုတက်သင့်^ မသင့် ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆိုသည်။ စည်းကမ်းဖောက်ဖျက်သည့် ကေတီဗီ ဆိုင် ၃ ဆိုင်ကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ဒဏ်ငွေငါးသောင်းပေးဆောင်စေရန် မြိတ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။ “မင်္ဂလာဆောင်တို့၊ ဘုန်းကြီးပျံတို့ ဆိုတာ ဒါကတကယ့် လူမှုရေးကိစ္စပါ။ ကေတီဗွီလိုဟာမျိုးကျတော့ ဒါက သက်သက်မဲ့ အမိန့်ဖီဆန်တဲ့သဘော မျိုးဖြစ်တာ။ ဒီကာလကြီးမှာ […]

ကိုဗစ်အမိန့်ဖောက် မာဆတ် အရေးယူရန် ခက်နေသည်

diz_admin

May 11, 2020

ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး အတွက် ချမှတ်ထားသော စည်းကမ်းချိုး ဖောက်သည့် မြိတ်မြို့မှ မာဆတ် (အနှိပ်ခန်း) ကို အရေးယူရန် အခက်တွေ့ နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောကြားသည်။ မြိတ်တွင် ချမှတ်ထားသည့် အမိန့် ကို ဖောက်ဖျက်သည့် ကေတီဗွီ (ကာရာ အိုကေလုပ်ငန်း) ၃ ခုကို အရေးယူခဲ့ပြီး ဖြစ်သော်လည်း အနှိပ်ခန်းလုပ်ငန်းကိုမူ အရေးယူရန် ဥပဒေအကြံတောင်းထား ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ တားမြစ်ထားသည့်အမိန့်တွင် အနှိပ်ခန်းလုပ်ငန်း မပါဝင်သည့်အတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူရန် ဆွေးနွေး နေကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်က ဆိုသည်။ “အမိန့်ထုတ်ထားတဲ့အထဲမှာ မာဆတ် မပါဘူး။ မာဆတ်မပါတော့ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ ကူးစက်(ဥပဒေ) […]