ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျွန်းစုရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်း ရပ်နား

diz_admin

April 28, 2020

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနဘေးရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်းများရပ်နားထားရကြောင်း မြိတ်မြို့ရှိကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်မဖြစ်မီကတစ်ရက်လျှင် ကဏန်းပိဿာချိန်ထောင်ချီဝယ်ယူနေသည့် ကဏန်းအဝယ်ဒိုင်ကြီးများအနေနှင့် ယခုအခါပိဿာချိန်နှစ်ရာခန့်သာ ဝယ်ယူနိုင်တော့ကြောင်းကဏန်းအဝယ် ဒိုင်ပိုင်ရှင်များက ပြောကြားသည်။ “ပင်လယ်ရွာနှစ်ဆယ်ကျော်က လူသုံးရာလောက်က ကျွန်တော့ဖောက်သည်တွေ အခုဆိုရင်လူတစ်ဆယ်မှာ သုံးယောက်လောက်ပဲမဝယ်မနေရဝယ်ပေးနေတယ်”ဟုမြိတ်မြို့၊ ထားဝယ်ကမ်းရပ်ရှိ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုအေးလွင်က ပြောသည်။ မြိတ်မြို့မှထွက်ရှိသည့်ကဏန်းများအနေဖြင့် ထိုင်းဈေးကွက်ကိုသာမီခိုအားထားနေရပြီး ကိုဗစ်ဂယက်ကြောင့် ပို့ဆောင်ရေးအခက်အခဲဖြစ်နေကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ “ထိုင်းပို့မရတော့ ခုဆိုရန်ကုန်ပို့နေရတယ်။ ဒါတောင်မှအနည်းအကျဉ်းပဲ ရန်ကုန်ကမှာတယ်”ဟုမြိတ်မြို့၊ အင်း လေးကမ်းရပ်ကွက်ရှိ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုလင်းလင်းက ပြောသည်။ ကျွန်းစုနှင့် မြိတ်မြို့နယ်ရှိ ကဏန်းဖမ်းမိသားစုများထံ ယခုလဆန်းက အလှူရှင်အချို့က ဆန်၊ ဆီများ ပေးလှူခဲ့သေးသည်။ ကိုဆန်း

မြိတ်လျှပ်စစ်မီးတစ်ယူနစ် ကျပ် ၂၈၀ အထိ လျှော့ချပေးရန်တောင်းဆို

diz_admin

April 28, 2020

ကိုဗစ် ၁၉ ကပ်ဘေးဖြစ်ပွားနေသည့်ကာလအတွင်း တစ်ယူနစ်လျှင်ကျပ်၂၈၀ နှုန်းဖြင့်လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် မြိတ်ဒေသခံများက တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၂၃ ရက်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျွန်းစုလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်းနှင့် မြို့ခံများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ မတ်လအတွက် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၃၈၀ နှုန်း ဖြင့်ကောက်ယူလျက်ရှိပြီး ဆီဈေးနှုန်းထက်ဝက်ခန့်ကျဆင်းနေသည့် အချိန်ကပ်ဘေးကြောင့် ပြည်သူများအလုပ်အကိုင်အခက်အခဲဖြစ်နေသည့်အချိန်တွင် ကုမ္ပဏီအနေဖြင့်ဧပြီလမှစ၍ တစ်ယူနစ်လျှင် ကျပ်၂၈၀သို့ လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းနှင့် မြို့မိမြို့ဖများမှ တောင်းဆိုခဲ့ကြသည်။ “ကျွန်တော်ကတော့ ကျပ်၂၈၀ပဲဖြစ်စေချင်တယ်။ သင့်တော်တဲ့နှုန်းထား တစ်ခုလို့လည်းထင်တယ်”ဟု ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဥက္ကာမင်းက ပြောသည်။ သို့သော် မြိတ်စိမ်းလန်းစွမ်းအင်အနေဖြင့် မူလျှပ်စစ်ထုတ်လုပ်မှု အထွေထွေကုန်ကျစရိတ်တစ်ယူနစ်လျှင် ကျပ်၂၈၀ကျော်ကျနေပြီး အနည်းဆုံးတစ်ယူနစ်လျှင် ကျပ်၃၁၀ ဖြင့် ကောက်ယူမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏စီမံကိန်း […]

မြိတ်ဒေသ ကိုရိုနာဗိုင်းရပ်စ် အပလီကေရှင်း

diz_admin

April 28, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ် သက်သည့် အချက်အလက်များ ကြည့် နိုင်သည့် မိုဘိုင်း အပလီကေးရှင်း (Mobile App) တစ်ခုကို မြိတ်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားနှစ်ဦးက ဖန်တီးလိုက်သည်။ Myeik Corona Reportအမည် ရှိ အပလီကေးရှင်းကို မြိတ်ကွန်ပျူတာ တက္ကသိုလ်မှ ကိုအောင်သူရိန်ထွန်းနှင့် ကိုသီဟသိန်းထိုက်တို့ ပူးပေါင်းပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ “ဒီကိုဗစ်(ကာလ)ကြီးမှာ တတ်နိုင် သမျှ ပါဝင်ကူညီပေးချင်လို့ပါ”ဟု အထက်ပါ ကျောင်းသား ကိုအောင်သူရိန်ထွန်းက ပြောသည်။ အဆိုပါ အပလီကေးရှင်းတွင် မြိတ် ခရိုင်အတွင်းရှိ အရေးကြီးဖုန်းနံပါတ်များအား တစ်စုတစ်စည်းတည်း တွေ့ရမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများ၊ သတင်းထုတ်ပြန်ချက် များကို ထည့်သွင်းထားကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

မြိတ်မြို့ စက်ရုံတစ်ခု တစ်နေ့နှာခေါင်းစည်း ၇၀ဝ ခန့်ထုတ်လုပ်နေ

diz_admin

April 27, 2020

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ အသေးစားစက်ရုံတစ်ခုမှ တစ်နေ့လျှင်နှာခေါင်းစည်း ခုနစ်ရာခန့်ထုတ်လုပ်နေကြောင်း ယင်းစက်ရုံမှ သိရသည်။ ယခင်ကအမျိုးသမီး ၄၀ ဦးဖြင့် အထည်ချုပ်သည့် ယင်းစက်ရုံတွင် ယခုအခါ အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်း ခေတ္တရပ်နား၍ အမျိုးသမီး ၂၀ ဦးခန့် နှင့်နှာခေါင်းစည်းများ ချုပ်လုပ်နေခြင်းဖြစ်သည်။ နှာခေါင်းစည်းများကိုအဝတ်ပိတ်စတို့ဖြင့် သုံးထပ်ချုပ်ထားပြီး တစ်ခုလျှင် ကျပ် ၄၅၀ခန့် ကုန်ကျစရိတ်ရှိကာ ကိုဗစ်အန္တရာယ်ထိန်းချုပ်ရေး ပြုလုပ်နေသည့် ဌာနများနှင့်ပရဟိတအဖွဲ့များအတွက် သီးသန့်ထုတ်လုပ်နေရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ဦးသန်းလွင်ကပြောသည်။ ပြည်သူလူထုကိုပြန်ဖြန့်ဝေနေတဲ့ ပရဟိတအဖွဲ့တွေအတွက်ပဲ သီးသန့် အမြတ်အစွန်းမယူဘဲ သူတို့ယူလာတဲ့ ပိတ်စတွေနဲ့ဒီက ချုပ်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။ တစ်ခုလျှင် ကျပ် ၄၅၀ ကုန်ကျသည့် နှာခေါင်းစီးနှင့် ကျပ် ၃၀ဝကျော်ခန့်ကုန်ကျသည့် နှာခေါင်းစည်းနှစ်မျိုး ထုတ်လုပ်နေပြီး အွန်လိုင်းပေါ်မှလေ့လာကာ မျက်နှာနှင့် အကိုက်ညီဆုံးချုပ်လုပ်နည်းများကို အသုံးပြုထားကြောင်း ယင်းစက်ရုံမှဒီဇိုင်နာ ဒေါ်ဖူးဟန်နီကိုက ရှင်းပြသည်။ […]

ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

diz_admin

April 27, 2020

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။ မြိတ်ဒေသမှထွက်သည့်ကင်းမွန်ကို ယခင်ကထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချကြပြီး ဈေးကောင်းရခဲ့သည်။သို့သော် ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားပြီးနောက် တဖြည်းဖြည်းဈေးကျလာခဲ့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များက ပြောပြသည်။ “ပြည်ပကဝယ်လိုအားမရှိတော့ ဈေးကောင်းမရတော့ဘူး။ ဒီနစ်အရှုံးပေါ် တယ်ပေါ့”ဟု ကင်းမွန်လှေပိုင်ရှင် ဦးမင်းလွင်က ပြောသည်။ ကင်းမွန်များကိုပင်လယ်အတွင်း ဝယ်ယူပြီး မြိတ်တွင်ရောင်းချသည့် ဒေါ်တင်လေးကလည်း ကင်းမွန်ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်းကြောင့် ယခုနှစ်ကင်းမွန်ရာသီတွင် များစွာအရှုံးပေါ်ခဲ့ကြောင်း ဆိုသည်။ “ပင်လယ်က ဝယ်လာတာက တစ်ဈေး၊ ဒီမှာလာရောင်းတော့ မယူကြဘူး။ ဈေးတွေထိုးကျလို့ ရတဲ့ဈေးနဲ့ရောင်းရတော့ အများကြီးထိခိုက်ရတယ်”ဟု ၎င်းက ပြောသည်။ ကင်းမွန်များကိုနှစ်စဉ် စက်တင်ဘာလမှ […]

မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ

diz_admin

April 27, 2020

မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။ ည ၁၀နာရီနောက်ပိုင်း လမ်းပေါ် တွင်တွေ့ရှိသူ ကလွင်ကျေးရွာအုပ်စုမှ လူ ၁၂ဦးနှင့် မြိတ်တောင်ကျေးရွာအုပ်စုမှ ၅ ဦး စုစုပေါင်း ၁၇ဦးကို စစ်ဆေးအရေးယူပြီး တစ်ဦးလျှင်ဒဏ်ငွေကျပ်ငါးသောင်း စီပေးဆောင်စေခဲ့ကြောင်း အုပ်ချုပ်ရေး မှူးက ပြောပြသည်။ “မနေ့က (ဧပြီ၂၄ည) အထိအရေး ယူထားသူအားလုံးပေါင်းပေါ့”ဟု ဦးဝင်း သူအောင်က ပြောသည်။ ဥပဒေအရအမိန့်ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်ရက်မှ ခြောက်လအထိချနိုင်ပြီး တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းအထိနှင့် ထောင်ဒဏ်နှင့်ငွေဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ဧပြီလ […]

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 17, 2020

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။ “(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။ ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

ဧပြီလ ၁၅ ရက်နေ့ မြိတ် နောက်ဆုံးရ သတင်းများ

diz_admin

April 15, 2020

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံ‌ကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာရှိလူငယ်တို့ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးသရုပ်ဖေါ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ တနင်္သာရီမြို့တွင် ဧပြီလ ၁၆ ရက်နေ့မှစပြီး စည်ပင်အဖွဲ့ပိုင်ဈေးတွင် ခြောက်ပေအကွာဖြင့် ဈေးရောင်/ဝယ်ခြင်း မပြုလုပ်ပါက ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ဈေးဖွင့်ချိန်အား နံနက် ၆ နာရီမှ ၁၀ နာရီအထိသာဖြစ်ပြီး ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်းနှင့် Fack mask တပ်ဆင်ရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်ကော်မတီမှ သိရသည်။ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေအပြင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ မြိတ်မြို့ မြိတ်တောင်နယ်မြေ မြို့မ ၁ ရပ်ကွက်ရှိ နေအိမ်နှစ်ဆောင်မှာ ဧပြီလ ၁၄ […]