ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကိုဗစ်လှိုင်းမိ သမ္ဗန်သမားများ

diz_admin

May 25, 2020

မြိတ်မြို့ ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သမ္ဗန်အစီးရေ နှစ်ရာနီးပါးခန့်ရှိသည့်အနက် အားလုံးသည်ကိုဗစ်ကြောင့် မကြုံဖူးသည့် အကျပ်အတည်းကာလနှင့် ရင်ဆိုင်စီးချင်းထိုးနေကြရသည်။ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းအထိနေ့စဉ် ဝင်ငွေရှိနေကြသည့် မြိတ်မြို့မှ သမ္ဗန်မောင်းသူများ ယခုအခါဝင်ငွေ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ မြစ်အတွင်းသို့ လာရောက်ဆိုက်ကပ်နေသည့် ငါးဖမ်းလှေများဝင်ရောက်မှု နည်းပါးလာခြင်း၊ မြိတ်တစ်ဖက်ကမ်းရှိ ဘုရားများသို့ ဧည့်သည်များနှင့် ဒေသတွင်း ဘုရားဖူးများ သွားရောက်မှု ယခုအခါမရှိတော့သလောက် နည်းပါးသွားခြင်း၊ အနီးအနားကျွန်းများသို့ လာရောက် လည်ပတ်ကြသူများ မရှိတော့ခြင်း၊ ပထော်နှင့်ပထက်ကျေးရွာနေ ရွာသူ ရွာသားများ သွားလာသူနည်းပါးလာခြင်းတို့ကြောင့် ယင်းတို့တွင် ဝင်ငွေနည်းသွားကာ ရသလောက်ဝင်ငွေဖြင့် စားသောက်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်နေ့လုံးမောင်းမှ သုံးလေး ထောင်ပဲရတော့တယ်။ အခြေအနေက မိသားစုထမင်းမငတ်အောင် မနည်းရှာ ဖွေနေရတယ်” ဟု သမ္ဗန်မောင်းသက် ဆယ်နှစ်ကျော်ပြီဖြစ်သည့် […]

မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ

diz_admin

May 25, 2020

ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ သိရသည်။ ကိုဗစ်ရောဂါဂယက် စတင်မရိုက်ခတ်မီက ငှက်သိုက်ကို ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများမှ မှာယူသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ရောင်းအား၏ ၃၀ ရာခိုင်နှုန်းသာ ရောင်းချရတော့ကြောင်း မြိတ်မြို့၊ ဗန္ဓုလလမ်းရှိ မီမီ သဘာဝငှက်သိုက် လုပ်ငန်းပိုင်ရှင် ကိုပြည့်ဖြိုးခန့်က ပြောသည်။ “တစ်ကျပ်သား နှစ်ကျပ်သားပဲ ဝယ်ယူသူက များတယ်။ အများကြီး မရောင်းရတော့ဘူး” ဟု ၎င်းက ပြောသည်။ လတ်တလော အခြေအနေအရ ငှက်သိုက်များစားသုံးသူထံ ပို့ဆောင်ရေးခက်ခဲသည့်အတွက် ၇၀ ရာခိုင်နှုန်းခန့် […]

မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်

diz_admin

May 25, 2020

နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးသန်းစိုးက ပြောသည်။ “လူသုံးရာလောက်ရှိတဲ့ရွာ အရင်ကတစ်ရက်တည်း ထုတ်ချေးနေရာက အခုဆိုသုံးရက်လောက် လူစုခွဲပြီး ထုတ်ချေးနေရတယ်။ ဒါကြောင့် နည်းနည်းလေး ပိုပြီးကြန့်ကြာသွားမယ့် သဘောရှိတယ်” ဟု ၎င်းက ပြောသည်။ ထုတ်ချေးရာတွင်လည်း တောင်သူတစ်ရာလျှင် နံနက်နှင့် ညနေ နှစ်သုတ်ခွဲကာ ထုတ်ချေးပေးနေရကြောင်း သိရသည်။ ယခင်က မိုးစပါးချေးငွေကို ရုံးတွင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျယ်ဝန်းသည့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်နေရသည်။ မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ […]

တနင်္သာရီမြစ်ကူးတံတား မကြာမီ အသုံးပြုနိုင်မည်

diz_admin

May 19, 2020

ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သို့ သွားလာရာတွင် အရေးပါသည့် တနင်္သာရီမြစ်ကူးတံတားသစ်အား မေလအကုန်ခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ လက်ရှိတွင် တနင်္သာရီမြစ်ကူးတံတားမှာ ပြီးစီးလုနီးဖြစ်ပြီး အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းတံတား စီမံကိန်းတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။ “ဖွင့်ပွဲက လောလောဆယ် အခြေအနေအရ မလုပ်ဖြစ်သေးပါဘူး” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။ တနင်္သာရီမြစ်ကူးတံတား၏ အရှည် မှာ ၁၄၄၄ ပေရှိပြီး ယခင်တံတားဟောင်းနံဘေးတွင် တည်ဆောက်ထားသည်။ ယင်းတံတားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက စတင်တည်ဆောက်ခဲ့သည်။ မြင့်မိုရ်(မြိတ်)

ပုလောမြို့ရှိ နေအိမ်တစ်ဆောင်အား Lockdown ချ

diz_admin

May 19, 2020

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်‌ဆောင်အား ဧပြီလ ၇ ရက်နေ့မှစပြီး Lockdown ချထားလိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးတို့ထံမှ သိရသည်။ ရန်ကုန်မြို့မှ မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဧပြီလ ၆ ရက်နေ့က ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးမှာ မြိတ်မြို့ရှိ Facility Quarantine ဝင်ရောက်ခြင်းမရှိဘဲ အစ်မဖြစ်သူ၏ နေအိမ်သို့လာရောက်ခဲ့သည့်အတွက် Lockdown ချထားရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “Lockdown က နှစ်ဆယ့်တစ်ရက်ပါပဲ” ဟု အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက ပြောသည်။ Lockdown ချထားသည့် နေအိမ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးတို့နေထိုင်ကြပြီး ၎င်းတို့၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက […]

လေပြင်းကြောင့်မြိတ်နှင့် ကျွန်းစုတွင်နေအိမ်အချို့ ပြိုကျ

diz_admin

May 19, 2020

လေပြင်းကြောင့် မြိတ်နှင့် ကျွန်းစုတွင် နေအိမ်တချို့ပြိုကျပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ မေလ ၁၁ ရက်ညနေ ၅ နာရီခန့်က တိုက်ခဲ့သည့်လေပြင်းကြောင့် မြိတ်မြို့နယ် ရွှေပေးရွာပုစွန်ကန်လမ်းရှိ လူနေအိမ်နှစ်လုံးနှင့် ကျွန်းစုမြို့နယ်ပထော်ကျေးရွာရှိ နေအိမ်တစ်လုံးပြိုကျပြီး ဘုန်းကြီးကျောင်းတစ်ဆောင်သည်လည်း အမိုးလန်ကာပျက်စီးခဲ့ရကြောင်း အထက်ပါဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ အိမ်ပြိုကျမှုတွင် လူများထိခိုက်မှုမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို သွားရောက်ထောက်ပံ့နေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ “လက်ရှိကတော့ ဘေးအိမ်တွေမှာ တက်နေကြတယ်” ဟု စန္ဒဝတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။ လေပြင်းကြောင့် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက်တွင်လည်း လူနေအိမ်နှင့် ကြက်ခြံအချို့အမိုးလန်ခဲ့ရကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကလွင်ကျေးရွာရေတားတမံ မိုးရာသီကုန်လျှင် စလုပ်မည်

diz_admin

May 19, 2020

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ပင်လယ်ရေငန်တားတမံအား ယခုနှစ်မိုးရာသီကုန်လျှင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားသည်။ ရေငန်တားတမံ (ပင်လယ်ဝတာတမံ ဟောင်း) အပါအဝင် အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်သွားရန်လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ငွေကျပ်သန်း ၁၇၀ တောင်းခံထားသည်ဟု ၎င်းက ဆိုသည်။ အပိုင်းသုံးပိုင်းတွင် ပတ္တာတည်ဆောက်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်းနှင့် လှိုင်းကာကျောက်တန်းတည်ဆောက်ခြင်းစသည့် လုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။“လာမဲ့မိုးရာသီ ကုန်ဆုံးချိန်ကစပြီး လုပ်မယ်။ တတ်နိုင်သမျှစောနိုင်သမျှ စောပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးကျော်သူက ပြောသည်။ ကလွင်ကျေးရွာအုပ်စု၊ ကလွင်မော်အရပ်တွင် ပြီးခဲ့သည့်နှစ်ကစပြီး တာတမံကျိုးကျမှုကြောင့် လယ်ဧကတစ်ရာကျော်ရှိ စပါးများဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်တွင် တာတမံတစ်စတစ်စ ကျိုးပေါက်လာမှုကြောင့် လယ်ဧကသုံးရာကျော် ရေလွှမ်းခံနေရသည်။ ယင်းအပြင် တာတမံအနီးအိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာကျော် နေထိုင်သည့် ကျေးရွာမှာ တာတမံကျိုးကျမှုကြောင့် ယခုနှစ်မိုးရာသီတွင်ရေလွှမ်းမည်ကို ရွာသားများက စိုးရိမ်လျက် […]

ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ

diz_admin

May 18, 2020

မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းသဘောတူခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။ “ကိုဗစ်ကလအတွင်း အလုပ်အကိုင် ရှားပါးနေချိန်လည်းဖြစ်သလို ဆီဈေးလည်းကျနေပြီ ဒါကြောင့် ရေဈေးကိုတော့ ချပေးသင့်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ၎င်းကပြောသည်။ နွေရာသီရေမောင်းချိန်ပိုကြာပြီး ဒီဇယ်ဆီပိုကုန်သည်ဟု ရေပေးဝေသူအချို့က အကြောင်းပြခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးသဘောတူညီ လက်မှတ်ထိုးခဲ့ကြကြောင်း ဦးမြတ်ကိုကိုက ပြောသည်။ မြိတ်မြို့တွင် လက်ရှိပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းရှင်များမှ တစ်ယူနစ်လျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၅၀ဝ အထိ ကောက်ယူနေကြကြောင်း ရေသုံးစွဲသူများက […]