ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

diz_admin

June 8, 2020

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက် ဆိုက်ကပ်ထားကြပြီ ဖြစ်သည်။ ယင်းသို့ ဆိုက်ကပ်ထားချိန်တွင် လည်းVMS ခြေရာခံစနစ် ဖွင့်ထားရမည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ကမ်းကပ်ထားသည့်ရေယာဉ် များအား ဇွန်လ ၁ရက်မှနေ့မှစ၍ စောင့် ကြည့်ရေး စင်တာများမှ စောင့်ကြည့် ကာ စက်ပိတ်ထားသည့်လှေများအား အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်း ဦးစီးမှူး ဦးသံချောင်းက ပြောသည်။ “ငါးလတိုင်တိုင် ကျွန်တော်တို့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်တဲ့စည်း […]

မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

diz_admin

June 1, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ တောလမ်းအတိုင်းဖြတ်သန်းကာ မောတောင်သို့ ပို့ဆောင်မှုများရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ “ခိုးလမ်းကနေ တက်လာတာ အတော်အန္တရာယ်များတယ်။ တက်လာတဲ့သူရော သူ့နေရပ်ရော မိသားစုအတွက်ပါ အန္တရာယ်များတယ်” ဦးအောင်ကျော်ဟိန်းက ပြောသည်။ ယင်းကဲ့သို့ ကိုဗစ်ကာလအတွင်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြပြီး နေရပ်သို့ပြန်လည်ရောက်ရှိသည့် ဦးရေမည်မျှရှိမည်ကိုမူ မသိနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ မေလ ၁၂ ရက်နေ့က တရားမဝင်လမ်းကြောင်းမှဝင်လာသော ရွှေ့ပြောင်းအလုပ်သမားတွင် ကိုယ်အပူချိန်မြင့်မားနေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ထားသည်။ မောတောင်နယ်စပ်တစ်လျှောက်တွင် တရားမဝင်လမ်းကြောင်းမှာ နေရာအများအပြားရှိနေကြောင်း […]

မြိတ်တွင် လက်ဖက်ရည်နှင့် စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်ရောင်းရန် ပြင်ဆင်

diz_admin

June 1, 2020

မြိတ်ရှိ လက်ဖက်ရည်နှင့်စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေကြောင်းဆိုင်ရှင်များနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်းငါးရာကျော်မှာ ဧပြီလ၁ရက်နေ့မှ စတင်ကာဆိုင်ထိုင်စနစ်ရပ်နားကာ ပါဆယ်စနစ်ဖြင့်သာရောင်းချခဲ့ရသည်။ ယခုအခါယင်းဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ပြန်လည်ရောင်းချနိုင်ရေး ပြင်ဆင်နေကြောင်းမြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးက ပြောသည်။ “ရောင်းချလိုတဲ့ ဆိုင်တွေစည်းကမ်းနဲ့အညီ စနစ်တကျရောင်းချနိုင်ရေးအတွက် ကျွန်တော်တို့ကလည်းစိစစ်ပြီးတော့မှ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ စည်းကမ်းနှင့်အညီရောင်းချနိုင်ရေးအတွက် မေလ ၂၅ရက်က မြိတ်မြို့ပုလဲရတနာခန်းမတွင် တာဝန်ရှိသူများနှင့် လက်ဖက်ရည်ဆိုင်စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆိုင်ထိုင်စနစ်ပြန်ဖွင့်နိုင်ရေးပြင်ဆင်ရန် ဆယ်ရက်အချိန်ပေးထားပြီး ညွှန်ကြားချက်အတွင်း၌ ဆိုင်အတွင်းစားပွဲထားသိုရမည့် အနေအထား၊ စားသုံးသူနှင့် ရောင်းချသူဝန်ထမ်းများလိုက်နာရမည့် အချက်အလက်များပါဝင်ပြီး အချက်အလက်အနည်းငယ်သာ လိုက်နာရန် အခက်အခဲရှိကြောင်း မြိတ်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးအောင်ဇော်ဝင်းက ပြောကြားသည်။ “ဝန်ထမ်းတွေပြန်ခေါ်ဖို့ အခက်အခဲတော့ ရှိတယ်။ […]

ကိုဗစ်ရောဂါ ဖြစ်ပွားသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများ ကျူဝင်ရမည်

diz_admin

June 1, 2020

ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားသူ ၄ ဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများအနေဖြင့် မေလ ၁၉ ရက်နေ့မှစပြီး အသားအလာကန့်သတ်စောင့်ကြည့်မှု ခံယူ (Quarantine ဝင်) ရမည်ဖြစ်ကြောင်း မြိတ်ဒေသ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး (၁) ဦးဥက္ကာမင်းထံမှ သိရသည်။ အသားအလာကန့်သတ် စောင့်ကြည့်မှုခံယူရခြင်း (Quarantine ဝင်ခြင်း)ကို အရပ်စကားဖြင့် အင်္ဂလိပ်စာလုံး၏ အရှေ့တစ်လုံးကိုအတိုကောက်ယူကာ ကျူဝင်သည်ဟု ပြောကြသည်။ ရောဂါပိုးတွေ့ရှိသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှလွှဲပြီး အခြားမြို့များမှ လာသူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်များတွင် နေထိုင်သူဖြစ်ကြောင်း ထောက်ခံချက်နှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း ဦးဥက္ကာမင်းက ပြောသည်။ “ထောက်ခံစာတွေ ပြပေးလိုက်တော့ Quarantine မဝင်ရတော့ဘူး” ဟု ဇေယျာသီရိ ၂ ရပ်ကွက်နေ အသက် ၃၀ နှစ်ကျော်ရှိ […]

တနင်္သာရီတွင် စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိ

diz_admin

June 1, 2020

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မေလ ၂၆ ရက်နေ့က စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါးအားဖမ်းမိခဲ့ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။ တနင်္သာရီမြို့နယ် ချောင်းငယ်ရပ်ကွက် စေတနာလမ်းသို့ ဝင်ရောက်လာသည့် ဆိုင်ကယ်တစ်စီးအား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါသူအား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၆၀ဝ ပြားအား ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ “ထွက်ပြေးသွားတဲ့သူကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းရှာဖွေနေပါတယ်” ဟု အထက်ပါ တာဝန်ရှိရဲတပ်ဖွဲ့ဝင်က မေလ ၂၉ ရက်နေ့တွင် ပြောသည်။ ထွက်ပြေးသွားသည့် အသက် ၂၀ နှစ်အရွယ်ရှိ အမျိုးသားနှင့် ဆိုင်ကယ်နောက်တွက် ထိုင်လိုက်လာသည့် အသက် ၂၆ နှစ်ရှိ အမျိုးသားတို့အား တနင်္သာရီမြို့နယ် […]

ကျွဲကူး ထွန်တုံး တိုက်ပွဲ

diz_admin

June 1, 2020

ထွန်တုံးတိုက်ပွဲ ဝင်ကြသည့် တောင်သူနှစ်ဦး တရားစွဲခံကြရသည်။ မေလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရည် ရပ်ကွက်အတွင်းရှိ လယ်မြေများအတွင်း မူလပိုင်ရှင်များက ၎င်းတို့လယ်ယာ မြေအား ပြန်လည်စိုက်ပျိုးရန် ခြံတိုင် များအား နုတ်ပစ်ကာ ဝင်ရောက် ထွန်ယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ပြီး သုံးရက်အကြာ တရားစွဲခံရသည်။ မြိတ်ခရိုင်ကိုဗစ်နိုင်တင်း ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မြိတ်မြို့ နယ်ပြည်သူ့ကျန်းမာရေးမှူး (ကိုယ်စား) တာဝန်ခံ ဖြစ်သူ ဒေါက်တာဇင်ကိုအောင် က ဘေးအန္တရယ် ထိန်းချုပ်ကာကွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း ထွန်တုံးတိုက်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးသန်းအောင်က ပြောသည်။ ဦးသန်းအောင်နှင့် အခြား တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးတို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ယင်းနောက် မေ ၂၇ […]

ကိုဗစ်ကြောင့် မြိတ်လျှပ်စစ် ဒီဇယ်လောင်စာဖြင့် စဖြန့်မည် ဟုဆို

diz_admin

June 1, 2020

ကိုဗစ်ဂယက်ကြောင့် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ အောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ဖြင့် စတင်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့်HFOလောင်စာနှင့် ယင်းစက်ကို နိုင်ငံခြားမှဝယ်နှင့် သယ်ယူရန် အခက်ကြုံ နေရခြင်း၊ စက်ရုံမြေနေရာအတွက် အခြား နည်းအသုံးပြုခွင့်မရသေးခြင်း စသည့် အကြောင်းများကြောင့် ယင်းကုမ္ပဏီက ဒီဇယ်အင်ဂျင်ဖြင့် ယာယီ ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ကုမ္ပဏီက မြိတ်မြို့နယ် လျှပ်စစ်အတွက်HFOလောင်စာဖြင့် လျှပ်စစ်တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထား ခြင်းဖြစ်သည်။ မီးထိုးလောင်စာဟု အကြမ်းဖျင်း ခေါ်သောHFO မှာ ရေနံစိမ်းကို ချက်လိုက်ပါက အညံ့ဆုံး လောင်စာဆီ အမျိုးအစားဖြစ်ပြီး […]

မောတောင်နယ်စပ်မှတစ်ဆင့် ဝင်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ဆေးရုံတွင် စောင့်ကြည့်

diz_admin

May 26, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားသည် မေလ ၁၂ ရက်က တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။ “ခိုးလမ်းကနေလာတာ။ တရားဝင် စစ်ဆေးမှု မလုပ်နိုင်ဘူး။ ခုတောင် သတင်းအရ စစ်ဆေးလို့ ပေါ်လာတာပါ” ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့သည် မောတောင်နယ်စပ်ရှိ တရားမဝင်လမ်းကြောင်းမှ နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြကြောင်း မောတောင်နယ်စပ်နေသူတချို့မှ သိရသည်။ မြင့်မိုရ်(မြိတ်)