ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသော နယ်မြေတစ်ခုကို ထိုင်းသိမ်းယူ
Dawei Watch
July 26, 2025ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုဖြစ်နေသော တောင်ကုန်းနယ်မြေတစ်ခုကို ထိုင်းနိုင်ငံက သိမ်းယူခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နှစ်နိုင်ငံ အငြင်းပွားနေသော နယ်မြေတစ်ခုဖြစ်သည့် ဖူမာခူအာတောင်ကုန်း (Phu Makkhuea) ကို ထိုင်းစစ်သားများက ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ သိမ်းယူထားသော တောင်ကုန်းပေါ်ရှိ ကမ္ဘောဒီးယား စစ်စခန်းများ၊ တာဝါတိုင်များ၊ ကေဘယ်လ်ကားများနှင့် အခြားပစ္စည်းများကို ထိုင်းစစ်သားများက ဖျက်သိမ်းခဲ့ပြီး ဓါတ်ပုံများကိုလည်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံက နယ်မြေသိမ်းယူမှုနှင့် ပက်သက်၍ ကမ္ဘောဒီးယားနိုင်ငံဘက်က တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ ဖူမာခူအာတောင်ကုန်းသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အငြင်းပွားနေသော ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်း၏ အနောက်ဘက်တွင် တည်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘောဒီးယား-ထိုင်း အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေပြီး ယနေ့ နံနက်ပိုင်းတွင် တရတ်ခရိုင်တွင် ပစ်ခတ်မှု […]


