ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 1, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၂၆ မှ ဩဂုတ် ၁ ရက်အထိ တိုင်ဖွန်းမုန်တိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ် တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ ဟာ ဇူလိုင် ၃၀ ရက်မှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ်ခဲ့လို့ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ရှန်ဟိုင်းမြို့မှာ အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေ အဆင်သင့်အနေအထား ရှိနေကြတာပါ။ တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ဟာ မနက်ပိုင်းမှာ ကျဲ့ကျန်းပြည်နယ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ ရှန်ဟိုင်းမြို့ တောင်ပိုင်း ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ထပ်မံဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းဗဟိုနားက အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီ ၅၂ မိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ […]

ဟားမတ်အဖွဲ့ လက်နက်စွန့်ရန် အာရပ်နိုင်ငံများ ပထမဆုံးအကြိမ် တညီတညွတ်တည်း တောင်းဆို

Dawei Watch

August 1, 2025

ဟားမတ်အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန်၊ ဖမ်းဆီးထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန် အာရပ်နိုင်ငံများက ပထမဆုံးအကြိမ်အဖြစ် တညီတညွတ်တည်း တောင်းဆိုလိုက်သည်။ ယင်းသို့ လုပ်ဆောင်ခြင်းက ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုနိုင်သည်ဟု အာရပ်နိုင်ငံများက ဆိုသည်။ အဖွဲ့ဝင် ၂၂ နိုင်ငံ ပါဝင်သည့် အာရပ်အဖွဲ့ချုပ် (Arab League) က အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ကြေညာချက်တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုကိုလည်း ရှုတ်ချထားသည်။ “ဂါဇာမှာ စစ်ပွဲအဆုံးသတ်ရေးနဲ့ ဆက်စပ်ပြီး ဟားမတ်စ်အဖွဲ့က ဂါဇာမှာ သူတို့ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ရမယ်။ ဟားမတ်စ်အဖွဲ့က သူတို့ရဲ့ လက်နက်တွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ဆီကို လွှဲပြောင်းပေးအပ်ရမယ်။ ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ရေးရည်မှန်းချက်နဲ့ […]

ရုရှားငလျင်ကြောင့် ဆူနာမီ သတိပေးချက်များထုတ်ပြန်၊ ရုရှားနှင့် ဂျပန်သို့ ဆူနာမီလှိုင်းများ စတင်ရိုက်ခတ်

Dawei Watch

July 30, 2025

ရုရှားနိုင်ငံ၊ အရှေ့ဘက် ကမ်းရိုးတန်းကျွန်းဆွယ်အနီးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရုရှား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုက ဆူနာမီအန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ရုရှားနိုင်ငံ အရှေ့ဘက် ကန်ချက်တာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားပြင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ထပ် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ငယ်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ရုရှားနိုင်ငံ Petropavlovsk-Kamchatsky မြို့ရှိ အဆောက်အဦးများ ပြိုပျက်ခဲ့ပြီး လမ်းပေါ်က ကားများလည်း […]

မြန်မာ့မြေရှားရရှိရေး အဆိုပြုချက်များ ထရမ့်အစိုးရကြားနာ

Dawei Watch

July 29, 2025

မြန်မာ့မြေရှားသတ္တုများကို အမေရိကန်က ရရှိရေး အဆိုပြုချက်များကို ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့ကြောင်း ယင်းအကြောင်း တိုက်ရိုက်သိရှိသူ လေးဦး၏ ပြောဆိုချက်ကို ကိုးကား၍ Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းအဆိုပြုချက်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏ ကာလရှည်မူဝါဒတွင် သိသာကြီးမားစွာ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း Reuters က ဖော်ပြသည်။ မြန်မာနိုင်ငံမှ အများအပြားထွက်ရှိနေသည့် မြေရှားသတ္တုများကို တရုတ်က ရရှိနေပြီး ယင်းတို့ကို တရုတ်အစား အမေရိကန်က ရရှိလာစေရန် ရည်ရွယ်ချက်နှင့် အဆိုပါ အဆိုပြုချက်များကို ကြားနာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များက ဆိုသည်။ အဆိုပါ အဆိုပြုချက်များကို အမေရိကန်စီးပွားရေးလော်ဘီသမားတစ်ဦးက ထရမ့်အစိုးရအရာရှိများကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအမေရိကန် စီးပွားရေးလော်ဘီသမားသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ အကြံပေးဟောင်းတစ်ဦးဖြစ်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပြင် အခြားသော ပြင်ပကျွမ်းကျင်သူများနှင့်ပါ […]

ထိုင်း-ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်‌ရန် နှစ်နိုင်ငံသဘောတူ

Dawei Watch

July 28, 2025

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ချက်ချင်းခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဦးဆောင်၍ ယနေ့ (ဇူလိုင်လ ၂၈)ပြုလုပ်သည့် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်များက သဘောတူလိုက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်လင်းပွဲတွင် ကြေညာခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်တို့နှစ်ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အပြန်အလှန် သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်ပွဲတွင် ပြောကြားသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက် က ယခုညမှစ၍ ပစ်ခတ်မှုများ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောသည်။ အပစ်ရပ်စဲရေး သဘောတူညီချက်သည် လာမည့် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်းလည်း ကြေညာသည်။ […]

ရှောင်လင်ကျောင်းတော်၏ အကြီးအကဲကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေး

Dawei Watch

July 28, 2025

ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် တရုတ်ရှောင်လင်ဘုန်းကြီးကျောင်း၏ အကြီးအကဲကို ဘုရားကျောင်းပိုင်ပစ္စည်းနှင့် ရန်ပုံ‌ငွေများကို အလွဲသုံးစားပြုမှုအပါအဝင် ရာဇဝတ်ပြစ်မှုများဖြင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဇူလိုင်လ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ အသက် ၆၀ အရွယ် ရှောင်လင်ဘုန်းကြီး Shi Yongxin သည် အမျိုးသမီးအများအပြားနှင့် မဖွယ်မရာ ဆက်ဆံရေးရှိခဲ့ပြီး တရားမဝင် သားသမီးများစွာ ရရှိထားကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ၎င်းအား စွပ်စွဲထားသည်။ ၎င်းနှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အများပြည်သူထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဆိုသည်။ လက်ရှိတွင် ဘုန်းတော်ကြီး Shi အား ဌာနပေါင်းစုံက ပူးတွဲစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ပြောဆိုသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က စတင်တည်ထောင်ခဲ့သည့် […]

ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူ ၆ ဦးအထိရှိလာ

Dawei Watch

July 28, 2025

ထားဝယ်ဒေသခံအများစု အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အော်တော်ကော်ဈေးပစ်ခတ်မှုတွင် သေနတ်သမားက ကိုယ့်ကိုယ်ကိုပြန်ပစ်ကာ အဆုံးစီရင်သွားပြီးနောက် သေဆုံးသူ ၆ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ထားသူတစ်ဦးက အော်တော်ကော်ဈေးထဲသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင် ၃ ဦးနှင့် ဈေးသည်အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့သည်။ နောက်ထပ် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သေဆုံးခဲ့သည်။ သေနတ်သမားသည် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး ဈေးထဲက ထိုင်ခုံတန်းပေါ်တွင် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပြန်ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း ဖော်ပြထားသည်။ သေနတ်ပစ်ခတ်မှုကြောင့် အော်တော်ကော်ဈေးတွင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအပါအဝင် ဈေးသူဈေးသားအားလုံး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရသည်။ အော်တော်ကော်ဈေးသည် […]

ဘန်ကောက် အော်တော်ကော်ဈေးတွင် ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေး ၄ ဦးသေဆုံး

Dawei Watch

July 28, 2025

ထားဝယ်ဒေသခံအများစု အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အော်တော်ကော်ဈေးတွင် ယနေ့ နေ့လယ်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေး ၄ ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများနှင့် ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ထားသူတစ်ဦးက ဈေးထဲသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး ဈေးတွင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း ဈေးရှိထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ “တစ်ဈေးလုံး ပတ်လိုက်ပစ်နေလို့တဲ့။ ကျွန်မတို့ ပတ်ပြီးတော့‌ ပြေးနေရတယ်” ဟု အော်တော်ကော်ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံက ဆိုသည်။ သေနတ်ပစ်ခတ်မှုကြောင့် ဈေးရှိလုံခြုံရေး ၄ ဦး ထိခိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သေဆုံးသူ ၆ ဦးအထိရှိပြီဟု သတင်းထွက်နေသော်လည်း Dawei Watch […]