ထိုင်းတွင် ကျောင်းသားဗီဇာဖြင့်နေသူ တစ်သောင်းနီးပါးကို ဗီဇာရုပ်သိမ်း
Dawei Watch
August 23, 2025ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသား ၁၀၀၀၀ နီးပါးကို နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော ရေတိုကျောင်းသားဗီဇာ ၁၀၀၀၀ ကျော်ကို နေထိုင်ခွင့် ပြန်လည်ရုပ်သိမ်းထားကြောင်း ဝန်ကြီး Sudawan Wangsuphakijkosol က ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရုပ်သိမ်းခံရသော နိုင်ငံခြားသားများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။ ဘွဲ့ဒီဂရီပေးအပ်ခြင်းမရှိသော ရေတို နိုင်ငံတကာကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသူများလာသဖြင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် လဝကတို့ ပူးပေါင်း၍ အချက်အလက်များကို ကောက်ယူကာ နေထိုင်ခွင့် ဗီဇာများကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် မေလကတည်းက နိုင်ငံတကာကျောင်းသားများကို […]


