ထိုင်ဝမ် စစ်ဖြစ်လျှင် ဖိလစ်ပိုင်လည်း မလွဲမသွေ ပါဝင်ရမည်ဟု သမ္မတပြော
Dawei Watch
August 12, 2025ထိုင်ဝမ် စစ်ပွဲ ပေါ်ပေါက်လာလျှင် ဖိလစ်ပိုင်သည်လည်း စစ်ပွဲထဲ မလွဲမသွေ ပါဝင်ရလိမ့်မည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ဖိလစ်ပိုင်သည် ထိုင်ဝမ်ကျွန်းနှင့် နီးကပ်စွာတည်ရှိနေပြီး ဖိလစ်ပိုင်အလုပ်သမား အများအပြားမှာ ထိုင်ဝမ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသောကြောင့် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။ အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမျိုးကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း ဖိလစ်ပိုင်သမ္မတက ဩဂုတ်လ ၁၁ ရက် တနင်္လာနေ့တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တနင်္လာနေ့က တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသည့် Scarborough Shoal ကျွန်းများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ကာ ပိတ်ဆို့မောင်းထုတ်ခဲ့သည်။ ယင်းနောက် သမ္မတမားကို့စ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်၏ ပိုင်နက်ကို ကာကွယ်နေသည့် အခြားသော […]


