တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
August 29, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂၃ မှ ၂၉ ရက်အထိ မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ် မက္ကဆီကိုနိုင်ငံ အထက်လွှတ်တော်မှာ ပါတီခေါင်းဆောင်နဲ့ လွှတ်တော် ဥက္ကဌနှစ်ဦး ဩဂုတ် ၂၇ ရက်က ထိုးကြိတ်ရန်ဖြစ်မှု ဖြစ်ခဲ့ပါတယ်။ နိုင်ငံထဲ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး စကားစစ်ထိုးပွဲ အပြီးမှာ ထိုးကြိတ်ရန်ဖြစ်ခဲ့တာပါ။ နိုင်ငံတော်သီချင်း သီဆိုနေချိန် အတိုက်အခံပါတီဖြစ်တဲ့ တော်လှန်ရေးပါတီ (PRI) ရဲ့ ခေါင်းဆောင် အာလက်ဟန်းဒရိုး မိုရေနို (Alejandro Moreno) ဟာ လက်ရှိအာဏာရ မိုရီနာပါတီရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျရတ်ဒို ဖာနန်ဒက်ဇ် နိုရိုနာ (Gerardo Fernández Noroña) ဆီကို လာရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ […]


