နီပေါနိုင်ငံတစ်လွှား ပညာရေးသပိတ်မှောက်မှု စတင်
Dawei Watch
April 7, 2025ပညာရေးဥပဒေသစ်တစ်ရပ် ပြဌာန်းပေးရန် သပိတ်မှောက်တောင်းဆိုသည့်အနေဖြင့် နီပေါနိုင်ငံအနှံရှိ အခြေခံပညာစာသင်ကျောင်းများ ယနေ့ (တနင်္လာနေ့)မှ စတင်၍ ပိတ်ထားလိုက်ပြီး မြို့တော်ခတ္တမန္ဒူတွင် လမ်းပေါ်အသံတိတ်ချီတက် ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်။ အလုပ်အကိုင်တည်ငြိမ်ရေး ၊ ရာထူးတိုးမူဝါဒ ၊ အခြေခံပညာ ဆရာ/မများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းနှင့် အဆောက်အအုံများ ဖန်တီးပေးရေး ၊ အခြေခံပညာရေးဝန်ထမ်းများအတွက် အလုပ်အာမခံရှိစေရေးတို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးမည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြဌာန်းပေးရန် နီပေါနိုင်ငံ ဆရာများအဖွဲ့ချုပ်က ဦးဆောင်လျက် တောင်းဆိုတိုက်ပွဲဝင်လျက်ရှိသည်။ ကျောင်းပညာရေး အက်ဥပဒေပြဌာန်းပေးရေး ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ ဆရာ/ဆရာမများက လမ်းပေါ် အိပ်ကာ ဆန္ဒပြပွဲများ ၊ဝီစီမှုတ် ချီတက်ဆန္ဒပြပွဲများလည်း ယခင်ကဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ဧပြီလ ၇ ရက်နေ့မှ […]


