ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများကို ဝေဖန်ခြင်းမပြုရန် အမေရိကန်သံတမန်အားလုံးကို တားမြစ်
Dawei Watch
July 18, 2025နိုင်ငံခြားတိုင်းပြည်များမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ တရားမျှတမှုရှိမရှိ ၊ ဂုဏ်သိက္ခာရှိမရှိ မှတ်ချက်ပေးပြောဆိုခြင်းမပြုရန် ကမ္ဘာအနှံ့ရှိ အမေရိကန်သံတမန်များအားလုံးကို အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက တားမြစ်လိုက်သည်။ ယင်းသို့ တားမြစ်သည့် အမိန့်စာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကမ္ဘာအနှံ့မှ အမေရိကန်သံရုံးများနှင့် ဌာနများထံ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းမှာ ပြည်ပတိုင်းပြည်များတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ထွန်းရေးကို အားပေးထောက်ခံလေ့ရှိသည့် အမေရိကန်အစိုးရ၏ အစဉ်အလာ ချဉ်းကပ်မှုမှ သိသာထင်ရှားစွာ သွေဖည်သွားခြင်း ဖြစ်ကြောင်း ရိုက်တာက ဖော်ပြသည်။ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားနှင့် ဆက်စပ်မှုမရှိလျှင် ပြည်ပရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြောဆိုချက်များ မပြုလုပ်ရန် ၊ လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ရေးသားချက်များ မပြုလုပ်ရန် အဆိုပါ အမိန့်စာတွင် တားမြစ်ထားသည်။ “နိုင်ငံခြားရွေးကောက်ပွဲတစ်ခုနဲ့ […]


