တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
July 11, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၅ မှ ၁၁ ရက်အထိ အိန္ဒိယမှာ အလုပ်သမားများနဲ့ လယ်လုပ်သားတွေ ဆန္ဒပြ အိန္ဒိယနိုင်ငံမှာ အလုပ်သမား၊ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့နဲ့ လယ်သမားတွေက ဇူလိုင် ၉ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အများပိုင်နေရာတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တာ၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာတာနဲ့ အလုပ်သမား အခွင့်အရေးတွေ နည်းပါးလာတာတို့ကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြတာပါ။ ဆန္ဒပြပွဲတွေမှာ အလုပ်သမား ထောင်ပေါင်းများစွာ ပါလာလို့ ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ စာတိုက်နဲ့ အခြားအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်သွားပါတယ်။ နောက်ထပ် လယ်သမားတွေလည်း သပိတ်မှောက်မှုမှာ ပါလာခဲ့ကြလို့ ဆန္ဒပြမှုတွေက ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ […]


