အီလွန်မတ်၏ ပါတီသစ်မှာ ရယ်စရာအဆင့်သာရှိဟု ထရမ့်ပြော
Dawei Watch
July 7, 2025အီလွန်မတ်၏ ပါတီသစ်တည်ထောင်သည့် အစီအစဉ်မှာ လူရယ်စရာအဆင့်သာရှိဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယနေ့ ဇူလိုင်လ ၆ ရက်နေ့က ပြောဆိုလိုက်သည်။ အီလွန်မတ်က ပါတီသစ်တည်ထောင်ကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် ထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပါတီသစ်တည်ထောင်ကြောင်း အီလွန်မတ်၏ ကြေညာမှုသည် ၎င်းနှင့် သမ္မတထရမ့်တို့အကြား တင်းမာမှုကို အရှိန်မြင့်သွားစေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အီလွန်မတ်အနေဖြင့် ၎င်း၏ ပါတီသစ်စိတ်ကူးနှင့် ပျော်နေနိုင်သော်လည်း အမေရိကန် ပြည်ထောင်စုအတွက် နှစ်ပါတီစနစ်သာ အကောင်းဆုံးဖြစ်သည်ဟု ထရမ့်က ပြောသည်။ “တတိယပါတီတစ်ခုကို တည်ထောင်တာက ရယ်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ရီပတ်ဘလင်ကန်ပါတီနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုရရှိထားပြီး ဖြစ်ပါတယ်။ ဒီမိုကရက်တွေက လမ်းပျောက်နေပါတယ်။ ဒါပေမဲ့ နှစ်ပါတီစနစ်ပဲ အမြဲတမ်း ရှိခဲ့တာပါ။ တတိယပါတီတစ်ခုကို တည်ထောင်လိုက်တာက […]


