ကမ္ဘောဒီးယားက တရုတ်ထုတ်လက်နက်တွေနဲ့ ဘန်ကောက်မြို့ကို တိုက်ခိုက်နိုင်သလား
Dawei Watch
June 30, 2025ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်ခိုက်ရင် တရုတ်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုနိုင် ပေမယ့် အဆိုပါလက်နက်တွေက ဘန်ကောက်မြို့တော်အထိ မရောက်ရှိနိုင်ဘူးလို့ တရုတ် စစ်အရာရှိဟောင်းတစ်ဉီးက ဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်တင်း မာမှုတွေက စစ်ရေးပဋိပက္ခဖြစ်လာရင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဘက်မှ ရပ်တည်ဖွယ်မရှိဘူး သူက ဆိုပါတယ်။ “တရုတ်နိုင်ငံက လက်နက်တင်ပို့တာ ခုခံကာကွယ်ဖို့ဖြစ်ပြီး တရုတ်စစ်လက်နက်တွေကို ဝယ်ယူ ပြီးရင် ပိုင်ဆိုင်မှုနဲ့ အသုံးပြုပိုင်ခွင့်ကို လက်နက်ရရှိတဲ့တိုင်းပြည်က အပြည့်အဝ ပိုင်ဆိုင်ပါတယ်” လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဘက်သရုပ်ပြဟောင်း ဆောင်ကျောင်ပင်က ပြော ပါတယ်။ “ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ အစဉ်အလာ မိတ်ဆွေနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားတာကို တရုတ်နိုင်ငံက မမြင်တွေ့လိုပါဘူး။ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့ ကြိုးပမ်းပါမယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အစဉ်အလာ […]


