ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဆီးရီးယား ယာယီအခြေခံဥပဒေသစ်ကို သမ္မတ လက်မှတ်ရေးထိုး

Dawei Watch

March 14, 2025

ဆီးရီးယားနိုင်ငံ၏ ယာယီအခြေခံဥပဒေကို လက်ရှိကြားကာလသမ္မတဖြစ်သူ အာမက်အယ်လ်ရှာရာက ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်အစိုးရကို အာမက်အယ်လ်ရှာရာ ဦးဆောင်သည့် သူပုန်အဖွဲ့များက ဖြုတ်ချနိုင်ခဲ့ပြီးနောက် သုံးလအကြာတွင် အဆိုပါ ယာယီအခြေခံဥပဒေသစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းယာယီအခြေခံဥပဒေမှာ ကြားကာလ ငါးနှစ်တာအတွင်း အာဏာအသက်ဝင်မည်ဟု သိရသည်။ ယာယီအခြေခံဥပဒေသစ်ကို လက်မှတ်ရေးထိုးပြီးနောက် ကြားကာလသမ္မတ အာမက်အယ်လ်ရှာရာက “ဖိနှိပ်မှုကို တရားမျှတမှုဖြင့် အစားထိုးနိုင်မည့် ဆီးရီးယားသမိုင်းသစ်တစ်ခု”ကို ရေးထိုးနိုင်ပြီဟု မျှော်လင့်ကြောင်း ပြောသည်။ ယာယီအခြေခံဥပဒေသစ်တွင် ယခင်အခြေခံဥပဒေဟောင်းမှ ပြဌာန်းချက်အချို့လည်း ပါဝင်လျက် ရှိသည်။ ယင်းတို့မှာ နိုင်ငံတော်အကြီးအကဲသည် မူဆလင်တစ်ဦး ဖြစ်ရမည် ၊ အစ္စလာမ္မစ်ဥပဒေကို တရားစီရင်ရေးစနစ်၏ အဓိကရေသောက်မြစ် ဖြစ်ရမည်ဟူသည့် အချက်တို့ အပါအဝင် ဖြစ်သည်ဟု ယာယီအခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရေးကော်မတီဝင်တစ်ဦးဖြစ်သူ Abdulhamid al-Awak က […]

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရာတွင် နေတိုး ပါဝင်ကူညီရနိုင်ဟု ထရမ့်ပြော

Dawei Watch

March 14, 2025

အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရာတွင် နေတိုးအဖွဲ့က ပါဝင်ကူညီပေးရနိုင်ခြေရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောဆိုလိုက်သည်။ နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကို ကြာသပတေးနေ့က အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံရာ၌ ထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်းပိုက်မည့် ဖြစ်တန်ခြေအလားအလာနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာတွင် ယင်းမှာ ဖြစ်လာလိမ့်မည်ဟု ထရမ့်က ဖြေကြားခဲ့သည်။ ဂရင်းလန်းကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဂရင်းကျွန်းကို အမေရိကန်၏ ထိန်းချုပ်မှုမှာ နိုင်ငံတကာ လုံခြုံရေးအတွက် လိုအပ်သည့်အရာဟု ထရမ့်က ဆိုသည်။ အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရာတွင် ကူညီပေးနိုင်မည့် အင်မတန်အရေးပါသူတစ်ဦးအဖြစ် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mark Rutte အား ထရမ့်က […]

ယူကရိန်းအရေး ကန်နှင့် ဆွေးနွေးရန် ယခင်တောင်းဆိုချက်များနည်းတူ ရုရှား တောင်းဆို

Dawei Watch

March 13, 2025

ယူကရိန်း ကျူးကျော်စစ်ကို အဆုံးသတ်ရေး ၊ အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရေးအတွက် ရုရှားဘက်က အမေရိကန်အပေါ် ယခင်နည်းတူ တောင်းဆိုလာကြောင်း အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ သိရှိသူနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ရုရှား၏ တောင်းဆိုချက်အလုံးစုံတွင် မည်သည့်အချက်များ ပါဝင်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တောင်းဆိုချက်များကို အမေရိကန်ဘက်က လက်မခံမီ ရုရှားဘက်က ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်လားဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရုရှားနှင့် အမေရိကန်သည် ယူကရိန်းစစ်အဆုံးသတ်ရေး ၎င်းတို့ နှစ်ဦးနှစ်ဘက် လိုလားတောင်းဆိုချက်များကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဆွေးနွေးခဲ့ကြသည်ဟု အထက်ပါ သတင်းအရင်းအမြစ်များက ပြောသည်။ ရုရှားဘက်က အသိပေးလာသည့် ယခုတောင်းဆိုချက်များမှာ ကျယ်ပြန့်ပြီး ယခင်ကတည်းက ယူကရိန်း ၊ အမေရိကန်နှင့် နေတိုးအဖွဲ့အပေါ် ၎င်းတို့ တောင်းဆိုလာခဲ့သည့်အချက်များနှင့် […]

အီရန်အဏုမြူလက်နက်ကိစ္စ သုံးနိုင်ငံ အစည်းအဝေး ကျင်းပမည်

Dawei Watch

March 13, 2025

အီရန် အဏုမြူလက်နက်အရေး ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သောကြာနေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး တရုတ်၊ ရုရှားနှင့် အီရန်တို့ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မာဂျောင်းရှူက သဘာပတိအဖြစ် ဦးဆောင်မည့် ယင်းဆွေးနွေးပွဲကို အီရန်နှင့် ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ် စတင်ဖြစ်ပွားပြီးကတည်းက အီရန်နှင့် ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလကပင် မဟာဗျူဟာမြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးသည် တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်လျက် ရှိသည်။ ဘေဂျင်းဆွေးနွေးပွဲပြုလုပ်မည့် သောကြာနေ့မှာပင် အီရန်၏ အဏုမြူလက်နက်တိုးချဲ့မှုကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့၌ ပြုလုပ်သွားမည် […]

ဘန်ကောက်တွင် မြန်မာတက္ကသိုလ်ကျောင်းသား သေဆုံးမှု တရားစွဲထား၊ အမှုမှန်ပေါ်ရေး ဝိုင်းဝန်းပေးကြရန်မိသားစုဆို

Dawei Watch

March 13, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Assumption University တွင် ကျောင်းတက်နေသော မြန်မာတက္ကသိုလ် ကျောင်းသားတစ်ဦး ကားတိုက်ခံရသဖြင့် သေဆုံးခဲ့မှုတွင် ကားသမားအပါအဝင် တာဝန်ပျက်ကွက်သူများကို အရေးယူနိုင်ရန် တရားစွဲဆိုထားကြောင်း သေဆုံးသူ၏ မိသားစုဝင်ထံမှ သိရသည်။ သေဆုံးပြီး သုံးလကျော်သည်အထိ ကားတိုက်ခံရမှုအတွက် အမှုမှန်မရသေးသဖြင့် အမှုမှန်ပေါ်ပေါက်လာစေရေး ဝိုင်းဝန်းကူညီကြရန် လိုအပ်နေကြောင်းလည်း ညီဖြစ်သူက မတ်လ ၁၂ ရက်နေ့က ပြောသည်။ “နောက်ဆုံး တရားစွဲထားတာက အမှုကို တရားရုံးကို တင်ရုံပဲ ရှိသေးပါတယ်။ အစစ အရာရာ နှောင်းနှေးနေခဲ့တယ်။ ကားသမားကတော့ အပြင်မှာ နေနေရတုန်းပဲ။ ကားသမားကိုရော တာဝန်ပျက်ကွက်သူတွေကိုရော ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေဆဲပဲ” ဟု ညီဖြစ်သူက ဆိုသည်။ ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တက္ကသိုလ်ဝင်းထဲတွင် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

March 12, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

နိုင်ငံသားအခွင့်အရေး ချိုးဖောက်မှု စောင့်ကြည့်ရမည့် နိုင်ငံစာရင်းတွင် အမေရိကန်ကို ထည့်သွင်း

Dawei Watch

March 11, 2025

သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုများရှိလာ၍ Civicus Monitor အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံသားလွတ်လပ်ခွင့် အစောင့်ကြည့်ခံနိုင်ငံများ စာရင်းထဲတွင် အမေရိကန်ပြည်ထောင်စုကိုလည်း ထည့်သွင်းလိုက်ပြီ ဖြစ်သည်။ နိုင်ငံသားလွတ်လပ်ခွင့်များ လျှင်လျှင်မြန်မြန် ကျဆင်းလာနေသည့် နိုင်ငံဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ယူဆသည့် နိုင်ငံများစာရင်းတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာခြင်း ဖြစ်သည်။ ဒီမိုကရေစီ စံတန်ဖိုးများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ထရမ့်အစိုးရ၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်နိုင်ငံကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု Civicus Monitor အဖွဲ့က ဆိုသည်။ တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ စာရင်းတွင် အမေရိကန်ပြည်ထောင်စုနှင့်အတူ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၊ အီတလီ ၊ ပါကစ္စတန်နှင့် ဆားဘီးယားတို့လည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု […]

ဒူတာတေးကို ICC ဖမ်းဝရမ်းဖြင့်ဖမ်းဆီး

Dawei Watch

March 11, 2025

သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းအရ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ယနေ့ အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ဟောင်ကောင်မှ ပြန်လာသည့် ဒူတာတေးအား မနီလာလေဆိပ်တွင် ဖမ်းဆီးပြီး အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဒူတာတေးကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှတစ်ဆင့် ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ယင်းသို့ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ “သူ ရောက်လာတဲ့အချိန်မှာ အစိုးရရှေ့နေချုပ်က သူ့လက်ထဲကို လူသားထုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်မှုနဲ့ ICC က ထုတ်လိုက်တဲ့ ဖမ်းဝရမ်း ထည့်ပေးလိုက်တယ်”ဟု ဖိလစ်ပိုင်အစိုးရက ဆိုသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းဖက်ဆောင်ရွက်ခဲ့မှုများကြောင့် သမ္မတဟောင်း ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှ […]