တောင်ကိုရီးယားဆေးကျောင်းသားများ၏ ၁၇ လကြာ သပိတ်မှောက်မှု အဆုံးသတ်
Dawei Watch
July 14, 2025ပြီးခဲ့သည့်နှစ်က စတင်သည့် ၁၇ လကြာ ကျောင်းမတက်ဘဲ သပိတ်မှောက်မှုကို ရပ်ဆိုင်းကာ တောင်ကိုရီးယား ဆေးကျောင်းသား ထောင်ပေါင်းများစွာ ကျောင်းပြန်တက်ကြတော့မည် ဖြစ်သည်။ အဆိုပါ သပိတ်မှောက်မှုအတွင်း ပါဝင်ခဲ့ကြသည့် အလုပ်သင်ဆရာဝန်ဦးရေ ၁၂၀၀၀ ဝန်းကျင်အနက် အများစုမှာ အလုပ်ပြန်ဆင်းရန် လက်ရှိအချိန်အထိ ငြင်းဆန်နေကြဆဲ ဖြစ်သည်။ “ကျောင်းသားတွေဘက်က ကျောင်းပြန်တက်ဖို့ သဘောတူလိုက်ပါပြီ” ဟု တောင်ကိုရီးယားဆေးကျောင်းသားများ အစည်းအရုံးဘက်က AFPသတင်းဌာနကို ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဆေးကျောင်းသားများ ကျောင်းပြန်တက်မည့် ရက်စွဲကို ဆေးတက္ကသိုလ်တစ်ခုချင်းစီအလိုက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ဆက်လက်သပိတ်မှောက်နေလျှင် နိုင်ငံ့ကျန်းမားရေးစောင့်ရှောက်မှုကဏ္ဍ ပြိုလဲသွားနိုင်သောကြောင့် သပိတ်မှောက် ကာလကို ရပ်ဆိုင်းကာ ကျောင်းပြန်တက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆေးကျောင်းသားများဘက်က ပြောသည်။ သပိတ်မှောက်ပြီးနောက် ကျောင်းပြန်တက်ကြမည့် ဆေးကျောင်းသားဦးရေသည် ၈၃၀၀ […]


