မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားပြန်လွတ်၊ မြန်မာနှစ်ဦး ပြန်မလွတ်သေး
Dawei Watch
April 4, 2025ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားကို ပြန်လွှတ်ပေးလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြသည်။ ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်တွင် အစည်းအဝေး တက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ထာ့မဆက်တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးက ဆန္ဒပြခဲ့သည်။ အဆိုပါကျောင်းသားကို လုံခြုံရေးဝန်ထမ်းများက ထိန်းသိမ်းခဲ့ပြီး ရဲတပ်ဖွဲ့များက ရာဝလတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြထားသည်။ ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသဖြင့် မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦးသည်လည်း မတ်လ ၃ […]


