တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ
diz_admin
September 7, 2020တစ်ညတာကာလအတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ လေးဆယ်ကျော်အား အရေးယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းက ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၄၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည် ညမထွက်ရအမိန့်ကို ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားချိန်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်ပြန်ချိန်က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ကိုဗစ်ကပ်ဘေး အနည်းငယ်ငြိမ်သွားသည့်အတွက် ညမထွက်ရသည့်အချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ဖြေလျှော့ခဲ့သည်။ ယခုအခါတွင် ယင်းအမိန့်ကို ကြပ်မတ်မှုအားနည်းသည့်အတွက် ည ၁၂ နာရီနောက်ပိုင်း သွားလာသူများရှိနေ […]


