ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ
diz_admin
September 3, 2020တနင်္သာရီတိုင်းသို့လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းကို သြဂုတ်လ ဒုတိယအပတ်မှ စတင်ကောက်ယူနေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာမှုနှုန်းထားများ၊ သုံးစွဲမှုငွေကြေးနှင့် ခရီးသွားဧည့်သည်များ၏ မှတ်ချက်(Comment)များကိုပါ ရရှိစေရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းသိန်းက ပြောသည်။ “သူတို့ရဲ့လိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးရမယ်၊ ဘယ်လို ဆောင်ရွက်ပေးရမယ်။ ဘယ်ဟာတွေ လိုအပ်တယ်။ ဘယ်ဟာတွေ မလိုအပ်ဘူး ဒါတွေလည်း သိရအောင်ပေါ့နော်” ဟု ဦးဝင်းသိန်းက ဆိုသည်။ ကိုဗစ်ကာလတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ကို မျှော်မှန်းရန် ခက်ခဲသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုအရ စစ်တမ်းကောက်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တွင် […]


