ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ
diz_admin
September 8, 2020ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒယ်လ်ကို(Delco) သတ္တုကုမ္ပဏီက အကြီးစားသတ္တုလုပ် ကွက်အသစ် စမ်းသပ်တိုင်းတာရန် လျှောက်ထားချက်ကို ဒေသခံများက သဘောမတူသဖြင့် ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ ယင်းလုပ်ကွက်အပြင် နောက်ထပ် မြေဧက နှစ်ထောင်ကျော်(၂၁၁၀) ပေါ် တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားလာကြောင်းနှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ရေဖြူမြို့နယ် မြေစာရင်းဦးစီးဌာတွင် သြဂုတ်လ ၈ ရက်က စတင်ကြေညာခဲ့သည်။ ယင်းသို့ ကြေညာထားသည်ကို ဒေသခံများက လုံးဝမသိကြောင်း ကံပေါက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။ ယင်းကြေညာချက်သည် ကံပေါက် […]


