လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အများစု ကိုဗစ်စည်းကမ်းချက် မလိုက်နာ
diz_admin
September 14, 2020ထားဝယ်ဒေသရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အများစုမှာ အစိုးရကသတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးသည် ဒုတိယလှိုင်းအသွင်ဖြင့် ကူးစက်မှုနှုန်း အဆမတန်မြင့်တက်လာနေသော်လည်း ယင်းဆိုင်များက ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လျစ်လျူရှုနေ ကြဆဲဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းများကို ကျန်းမာရေးဌာနက မေလအတွင်းကတည်းက ထုတ်ပြန်ထားသည်။ ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး ဆိုင်သို့လာသည့်စားသုံးသူအားလုံးကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းပြီး လက်ဆေးရန်၊ တစ်ဦးနှင့် တစ်ဦးအကြား စားပွဲပေါ်တွင် ကတ်ထူပြား/မှန်ဖြင့် ကာရန်၊ စားသုံးသူများ နှာခေါင်းစည်းနှင့် မျက်နှာကာကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် ရောင်းချပေးရန် စသည့် အချက်များကို စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကြိုတင်ပြင်ထားရမည့် အချက်များအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဆိုင်ဝန်ထမ်းအားလုံးနီးပါးက […]


