ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန်
diz_admin
September 16, 2020တိုင်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တောင်းခံထားပြီး သတ်မှတ်ကာလအတွင်း မလုပ်နိုင်သဖြင့် ရန်ပုံငွေများ ဖောင်းပွသည်အထိ ပိုလျှံနေကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဝေဖန်ထောက်ပြလိုက်သည်။ စက်တင်ဘာလ ၁၁ ရက်က ပြုလုပ်သော တိုင်းလွတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို တင်သွင်းသည့် အထွေထွေပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ဝေဖန်ထောက်ပြ လိုက်ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ လုပ်ငန်းမဆောင်ရွက်နိုင်သဖြင့် အပ်နှံလာသည့် အထွေထွေပိုလျှံရန်ပုံငွေ သိန်းပေါင်း တစ်သောင်းကျော်ရှိကြောင်း ဝန်ကြီးဒေါ်ရီရီချို တင်သွင်းသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး အဆိုပါပြန်အပ်ပိုလျှံရန်ပုံငွေ သိန်းတစ်သောင်းကျော်အထဲတွင် တင်ဒါပို လျှံငွေ၊ လုပ်ငန်းမဆောင်ရွက်နိုင်တော့သဖြင့် ပြန်အပ်ငွေ၊ မသုံးစွဲနိုင်တော့သည့် […]


