ရွေးကောက်ပွဲဝင်ရန် စည်ပင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်
diz_admin
September 11, 2020အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်စဉ်က သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည့် ဦးသန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ ရွေးကောက်ပွဲဝင်ရန်အတွက် စည်ပင်သာယာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ ဦးသန်းမြင့်သည် ၂၀၁၀ မှ ၂၀၂၀ နှစ်ဦးပိုင်းအထိ သရက်ချောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကို နှစ်ကြိမ်ဆက် အရွေးခံခဲ့ရသူ ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ စည်ပင်ကော်မတီတွင် တာဝန် မထမ်းဆောင်ခင်အချိန်က သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အဆင့် ထိပ်ပိုင်းခေါင်းဆောင် (EC အဖွဲ့ ဝင်) တစ်ဦးဖြစ်သည်။ စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံလိုက်ရသောအခါ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့်အတွက်ကြောင့် ပါတီမှနုတ်ထွက်လိုက်ရပြီး ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်အဖြစ်နှင့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးရှိခဲ့သော်လည်း […]


