တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား
diz_admin
September 1, 2020ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်းအဖြစ်သွားရောက်တာဝန် ထမ်းဆောင်ရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး စာရင်းပေး ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှပြောရေးဆို ခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ နှင့် ကျန်းမာရေးကြီးကြပ်(၂) ဆရာ၊ ဆရာမများက လက်ရှိစာရင်းပေးထားပြီး ကုသရေးဦးစီးဌာနမှ စာရင်းကိုမူ လတ်တလော မရရှိသေးကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ မည်သည့်အချိန်တွင် သွားရောက် ရမည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည် ပြုလူနာ ၂၁၇ ခန့်ဦးရှိပြီး အခြားတိုင်းနှင့် […]


