ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

PDF ထောက်ပံ့သူဟုဆိုကာ သပြေဇွန်းရွာသားတစ်ဦးကို လာဖမ်းစဉ် ထွက်ပြေးလွတ်မြောက်

diz_admin

May 16, 2022

PDF အား ထောက်ပံသည်ဟု စွပ်စွဲ၍ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု သပြေဇွန်းရွာသားတစ်ဦးကို အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။ အသက် ၃၃နှစ်အရွယ် ကိုအောင်အောင်ဆိုသူကို မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယင်းသို့ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက ကားနဲ့ ရောက်လာတာနဲ့ ကိုအောင်က အိမ်နောက်က ထွက်ပြေး သွားတယ်” ဟု သပြေဇွန်းရွာသားတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ကိုအောင်အောင်ကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သော်လည်း မဖမ်းမိသဖြင့် နေအိမ်ရှိ ကိုအောင်အောင်၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းသွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ PDF ကို ထောက်ပံ့သဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု အရပ်ဝတ် လက်နက်ကိုင်အုပ်စုက ပြောဆိုခဲ့ပြီး ၎င်းတို့မှာ […]

ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်

diz_admin

May 14, 2022

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်နှင့် ၈ နာရီ ၅၁ မိနစ်ခန့်တို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း ဒေသခံအချို့ကပြောသည်။ “ပစ်တာကတော့ ညကတည်းက လက်နက်ကြီးသံတွေ ကြားနေတယ်။ ကျွန်တော်လည်း တိုက်ပွဲဖြစ်မယ်ထင်လို့ တစ်နာရီကျော်ကပဲ ရွာကနေထွက်လာခဲ့တာ” ဟု ကျောက်မဲတောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်မဲတောင်နယ်မြေရဲစခန်းမှ လက်နက်ကြီး သုံးလုံးပစ်သံကြားခဲ့ရပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၁၀ […]

တနင်္သာရီတိုင်းကို လာမည့် ခရီးသည်များ ရေးမြို့တွင် သောင်တင်နေ

diz_admin

May 13, 2022

တနင်္သာရီတိုင်းကိုလာမည့် ခရီးသည်များ မွန်ပြည်နယ်ရေးမြို့တွင် သောင်တင်နေသည်မှာ ၇ ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း ကားသမားအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေ သဖြင့် ခရီးမဆက်ရဲကြဘဲ သောင်တင်နေခြင်းဖြစ်ကြောင်း ကားသမားအချို့က ပြောဆိုသည်။ “ဂိတ်တွေက မဖွင့်ပေးလို့ မသွားရတာ မဟုတ်ဘူး။ အခုက ထီးခီးလမ်းဘက်ကိုသွားရမှာ ကြောက်လို့ ရေးမှာပဲ သောင်တင်နေကြတာ။ (သောင်တင်နေတဲ့) ခရီးသည်တွေကတော့ တော်တော်များတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်း ထားဝယ်နှင့် အခြာမြို့များသို့သွားမည့် ခရီးသည်များမှာ ပုံမှန်အတိုင်း သွားလာနေကြ သော်လည်း ထားဝယ် – ထီးခီးလမ်းဖြတ်ပြီးသွားမည့် ခရီးသည်များမှာ မသွားရဲဘဲဖြစ်နေကြောင်း ကားသမားအချို့က ပြောဆိုသည်။ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စသည့်နေရာများတွင် ဧပြီလ နောက်ဆုံးအပတ်ကစပြီး […]

သရက်ချောင်းတွင် ပျူစောထီးစခန်းကို PDF ဝင်တိုက်

diz_admin

May 11, 2022

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပျူစောထီးအဖွဲ့နေသည့် ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF )က ယနေ့(မေ ၁၁)နံနက် ၆ နာရီခန့်က ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပျူစောထီးအဖွဲ့များသည် ပဲဒက်ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် ကျေးရွာစာကြည့်တိုက်တို့တွင် စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ပျူစောထီးအဖွဲ့များနေထိုင်သည့် ရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နှင့် ပျူစောထီးအဖွဲ့ဝင်တို့၏ နေအိမ်များကို PDF ပူးပေါင်းတပ်ဖွဲ့က သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်လာချိန်တွင် ပျူစောထီးအဖွဲ့ဝင်များက ထွက်ပြေးသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝေနှင့် ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်လှတို့မှာ ကြိုတင်သတင်းရရှိမှုကြောင့် မနေ့ညတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ယင်းပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း […]

လက်နက်ကြီးကျည်ကျ၍ ရွာသားတစ်ဦး သေဆုံး၊ ရဟန်းတစ်ပါးဒဏ်ရာရ

diz_admin

May 10, 2022

ထားဝယ်မြို့ တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့ပြီး ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။ ယနေ့ (မေ ၁၀)ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ဆရာတော်ကိုတော့ ထားဝယ်ဆေးရုံကို ပို့လိုက်ပြီ၊ ရွာသားကတော့ လမ်းမှာဆုံးသွားလို့ အိမ်ကိုပြန်ခေါ်လာတယ်၊ လက်နက်ကြီးစ ဗိုက်ထဲဝင်သွားတာ” ဟု ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့သည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယနေ့ ညနေ ၄ နာရီခန့်က ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ နှစ်ဖက် […]

ပရဒပ်အုပ်ချုပ်ရေးမှုး၏ညီ သေနတ်ဖြင့်ပစ်သတ်ခံရ

diz_admin

May 10, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ပရဒပ်ကျေးရွာ အုပ်ချုပ်ရေးမှုး၏ညီဖြစ်သူ ဦးညီညီ ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့နေလယ်ပိုင်းက မယင်းကြီးရွာရှိ ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ပရဒပ်နှင့် မယင်းကြီးရွာကြား လမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက နားအုံ၊ ရင်ဘက်၊ နို့အုံ သုံးချက်ထိထားတယ်”ဟု ၎င်းကဆိုသည်။ သေဆုံးသူ အသက် သုံးဆယ်ကျော်အရွယ်ရှိ ဦးညီညီမှာ ပျူစောထီးဟု ကျော်ကြားသူ ပရဒပ်ရွာအုပ်ချုပ်ရေးမှူး မင်းဘာလီ(ခေါ်)ဦးမင်းမင်း၏ ညီဖြစ်သည်။ အစ်ကိုဖြစ်သူ ဦးမင်းမင်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဟုလည်း သတင်းများထွက်ပေါ်နေပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ မတ်လ ၂၃ ရက်နေ့က ၎င်း၏ နေအိမ်မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ဦးမင်းမင်းနှင့်ဇနီးဖြစ်သူတို့ တိမ်းရှောင်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ညီဖြစ်သူဦးညီညီမှာ နေအိမ်၌ပင်ရှိနေကာ ခြံလုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြောင်း […]

လောင်းလုံး ညောပြင်ရွာကို စစ်ကြောင်းထိုးရှာနေ၊ ဒေသခံအချို့ အဖမ်းခံရပြီး အချို့ဒဏ်ရာရ

diz_admin

May 9, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၉) တွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက်စောစောအချိန်မှစပြီး ကျောက်ဝပ်ပြင်ကျေးရွာ ကျိုက်ထီးရိုးတောင်ပေါ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဒီနေ့ မိုးလင်းတာနဲ့ စစ်တပ်က ရွာထဲရောက်လာတာ။ ပင်လယ်ဖက်မှာကလည်း စစ်‌သင်္ဘောတစ်စီး ရပ်ထားတာ ရှိနေတယ်။ ရွာထဲကို ရေကြောင်း၊ ကုန်းကြောင်းကနေ ဝိုင်းပြီး စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် ညောပြင်ရွာတွင် တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေသောကြောင့် ဒေသခံ လေးဦး အဖမ်းခံထားရသည့်အနက် နှစ်ဦးမှာ ဒဏ်ရာရရှိထားကြောင်း ဒေသခံအချို့က ဆိုသည်။ “ရွာထဲ ရုတ်တရက် […]

ထားဝယ် သဗျာရွာတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံနှစ်ဦးဒဏ်ရာရ

diz_admin

May 9, 2022

ထားဝယ်မြို့နယ်၊ သဗျာကျေးရွာတွင် ယနေ့ (မေ ၉) ညနေပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သဗျာကျေးရွာတွင် ရောက်ရှိနေသည့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မေလ ၇ ရက် နံနက်ပိုင်းက သဗျာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာ သွားပြီးနောက် ဒေသကာကွယ်ရေးပူးပေါင်းတပ် (PDF) က သဗျာကျေးရွာတွင် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် PDF တို့ ဝင်ထွက်မှုများ ရှိလာပြီးနောက် ဒေသခံအချို့မှာ […]