ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရာသီအဖွင့် စပါးဈေးကောင်း

diz_admin

December 23, 2021

ယခုနှစ် စပါးထွက်နှုန်းကျဆင်းခဲ့သော်လည်း ရာသီအဖွင့် စပါးဈေးကောင်းရနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် လက်ရှိစပါး‌ပေါ်ချိန် ပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား စပါးဆိုလျှင် တစ်တင်း ၆၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည် အမျိုးအစားဆိုလျှင် တစ်တင်း ၁၀၀၀၀ ကျပ် ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစား ဆိုလျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း လယ်သမားအချို့နှင့် ဆန်စက်ပိုင်ရှင်အချို့က ပြောသည်။ ယ‌မန်နှစ်ကမူ ရာသီဖွင့်ချိန်မှ ဖေဖော်ဝါရီလအထိ စပါးဈေးကောင်းမရခဲ့ဘဲ ကမာကြည်အမျိုးအစား စပါးတစ်တင်းမှာ အမြင့်ဆုံး ကျပ် ၇၀၀၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း လယ်သမားအချို့က ပြောသည်။ “ဒီနှစ်က စပါးအထွက်နည်းလို့ ဈေးကောင်းရနေတာ” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ လယ်သမား ဒေါ်မယ်ချိုက ပြောသည်။ ဓာတ်မြေဩဇာ‌အပါအဝင် လယ်ယာလုပ်ငန်း သွင်းအားစု ဈေးမြင့်တက်ခြင်း၊ မိုးနောက်ကျခြင်း၊ […]

ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါး အကူညီလို

diz_admin

December 23, 2021

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် စောင်၊ အနွေးထည်များ အကူညီလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါကျေးရွာအနီးရှိ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF-PDF) တပ်စခန်းနှင့် ကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ကြသဖြင့် ခေါင်တိုင်ပြင်ရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်များသည် DGRF-PDF စခန်းနှင့် ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသဖြင့် စစ်ရှောင်များ နေရပ်ပြန်မရဘဲဖြစ်သည်ဟု […]

မီးသင်္ဂြိုဟ်ရာတွင် သရဏဂုံတင်ခွင့်အပါအဝင် ကန့်သတ်ချက်အချို့ကို ပြန်ခွင့်ပြု

diz_admin

December 22, 2021

ထားဝယ်မြို့သုသာန်တွင် ကိုဗစ်ကပ်ဘေးကြောင့် မီးသင်္ဂြိုဟ်ရာ၌ သတ်မှတ်ထားသည့် ကန့်သတ်ချက် အချို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ဖြေလျှော့လိုက်ကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။ ထို့ကြောင့် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည့် ရုပ်အလောင်းအား အိတ်ထဲထည့်ရန် မလိုဘဲ နှစ်လောင်းတွဲ မီးရှို့ခြင်း၊ ဘာသာရေး လူမှုရေး လိုအပ်ချက်အရ တစ်လောင်းထဲ မီးရှို့ပြီး အရိုးကောက်ခွင့်ပြုခြင်းနှင့် သုသာန်တွင် သရဏဂုံတင်ခြင်းတို့ကို ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလ၌ သေဆုံးသူများပြားသည့်အတွက် မီးသင်္ဂြိုဟ်ရာတွင် စည်းကမ်း ကန့်သတ်ချက်အချို့အား ဇူလိုင်လတွင် စတင်သတ်မှတ်ထားခဲ့သည်။ ယင်းအချိန်က ကိုဗစ် သို့မဟုတ် ၉၆ ပါး ရောဂါဖြင့် သေဆုံးအလောင်းများကို သေတ္တာပုံးဖြင့် ထည့်ခွင့် မပြုဘဲ အိတ်ဖြင့်ထည့်ပြီး မီးသင်္ဂြိုဟ်ရန်၊ […]

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက် ကန်ဒေါ်လာသန်းလေးရာကျော် လျော့ကျ

diz_admin

December 22, 2021

တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သန်းလေးရာကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိသည်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၁၉၉၉ သန်းနီးပါးသာရှိသည့်အတွက် သန်း ၄၀၀ ကျော် လျော့ကျသွားခြင်းဖြစ်သည်။ လက်ရှိတွင် ပြင်ပဒေါ်လာငွေနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် ဝန်းကျင်ရှိပြီး ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၁၈၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်ရော သွင်းကုန်ပမာဏပါ ကျဆင်းသွားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်ကြောင့် ပြည်တွင်းစားသုံးသူများ ငွေကြေးသုံးစွဲ နိုင်စွမ်းနည်းပါးလာခြင်းကြောင့် သွင်းကုန်လည်း ကျဆင်းလာကြောင်း […]

လောင်းလုံး တောင်မင်းပြောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 21, 2021

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် အသက် ၆၀ ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၂၀ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ရေဖြူမြို့နယ် ကလုံထာရွာက ဦးသိန်းဝင်းဆိုသူဖြစ်ပြီး တောင်မင်းပြောင်ရွာတွင် လာရောက် ခိုလှုံနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးသိန်းဝင်းကို ဆိုင်ကယ်စီးလူငယ်နှစ်ဦးက တောင်မင်းပြောင်ရွာအဝင်ဝ၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း တောင်မင်းပြောင်ရွာသားတစ်ဦးနှင့် မြို့ဟောင်းရွာမှ လူငယ်အမျိုးသမီးတစ်ဦးတို့က ပြောသည်။ “ကျွန်မတို့ မြို့ဟောင်းကနေသွားရင် တောင်မင်းပြောင်ရွာ အဝင်ဝပေါ့နော်။ အဲဒီနားမှာ ဆည်းဆာဆိုတဲ့ အရက်ဆိုင်ရှိတယ်။ (ဦးသိန်းဝင်းက) အဲဒီအရက်ဆိုင်နားက ထွက်လာပြီး အပစ်ခံရတယ် ပြောတယ်” ဟု မြို့ဟောင်းရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့မှာ […]

ထားဝယ် ခေါင်တိုင်ပြင်ရွာအနီးက PDF စခန်း အသိမ်းခံရ

diz_admin

December 21, 2021

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးဝန်းကျင်ရှိ ထားဝယ်ပြောက်ကျား တော်လှန်ရေးအဖွဲ့(DGRF – PDF) ၏ စခန်း ယနေ့ အသိမ်းခံလိုက်ရကြောင်း ခေါင်တိုင်ပြင်ရွာ ဒေသခံ အချို့ထံမှ သိရသည်။ ဒီဇင်ဘာ ၂၁ ရက် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ခေါင်တိုင်ပြင်ရွာဘက်ကို စစ်ကြောင်း ထိုးလာမည် သတင်းရသဖြင့် PDF အဖွဲ့က လမ်းတွင် သွားစောင့်နေစဉ် လမ်းလွဲသွားပြီး စခန်း အသိမ်း ခံလိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ခေါင်တိုင်ပြင် ရွာသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ တောလမ်း ကများမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “(PDFဘက်က) ထိခိုက်ဒဏ်ရာရတာကတော့ ကြားရတာ နည်းနည်းပါးပါးရှိတယ်ဆို ပြောတယ်။ တောင်ပေါ်ကနေ တောင်အောက်က […]

ထားဝယ်တွင် မြေကွက် အရောင်းအဝယ်ပြန်ဖြစ်

diz_admin

December 21, 2021

ထားဝယ်မြို့အတွင်းရှိ မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလတွင် အရောင်းအဝယ်အနည်းငယ်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ပိုများလာကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိအချိန်တွင် အရောင်းအဝယ်အများဆုံးနေရာမှာ ထားဝယ်မြို့သစ်နေရာဖြစ်ပြီး ကျပ်သိန်းသုံးရာနှင့် သိန်းငါးရာအကြား မြေကွက်များ အရောင်းသွက်နေကြောင်း တနင်္သာရီတိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌက ပြောသည်။ ရွှေဈေးတက်နေချိန် မြေဈေးက သိသိသာသာ မတက်သဖြင့် မြေကွက်များကို ဝယ်ယူရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရွှေဈေးနဲ့ တွက်ပြီးတော့ မြေဘက်ကို လှည့်ပြီးတော့ မြေကိုပြန်ဝယ်တဲ့ ပုံစံမျိုးသွားဖြစ်တာပေါ့” ဟု ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။ တစ်ရက်လျှင် အနံ၄၀ ပေ၊ အလျား ၆၀ ပေ အကျယ်အဝန်းရှိ မြို့သစ်မြေကွက် ပျမ်းမျှ သုံးကွက်ခန့် အရောင်းအဝယ်ဖြစ်နေပြီး ထားဝယ်ခရိုင်အတွင်း နေထိုင်သူများက ဝယ်ယူကြခြင်းဖြစ်ကြောင်း […]

ထားဝယ်တွင် အာဏာသိမ်းမှုဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသူ အမျိုးသား ၇၀ ကျော်ရှိပြီ

diz_admin

December 21, 2021

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံရကာ ထားဝယ်အကျဉ်းထောင်အတွင်း အမိန့်ချခံရသူ အမျိုးသား ၇၃ ဦးရှိပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အမိန့်ချခံရသည့် အမျိုးသား နိုင်ငံရေးအကျဉ်းသားများ စာရင်းဖြစ်သည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားစာရင်းကိုမူ ပြုစုနေဆဲဖြစ်သည့်အတွက် မထုတ်ပြန်နိုင်သေးကြောင်း အဆိုပါကွန်ရက်၏ တာဝန်ရှိသူက ဆိုသည်။ “စဖမ်းကတည်းက နွေဦးတော်လှန်ရေး တလျှောက်လုံးမှာ ဒီဇင်ဘာ ၂၀ အထိ အမိန့်ချထားတဲ့ စာရင်းပါ” ဟု ၎င်းက ပြောသည်။ အမိန့်ချခံရသည့် အဆိုပါ အမျိုးသားနိုင်ငံရေးအကျဉ်းသားများအနက် ၂၄ ဦးမှာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာကြောင်း အဆိုပါကွန်ရက်၏ တာဝန်ရှိသူက ဆိုသည်။ ထိုကြောင့် ဒီဇင်ဘာလ ၂၀ ရက်အထိ စာရင်းအရ ထားဝယ်အကျဉ်းထောင်အတွင်း […]