ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်း ကထီးဝရွာတွင် အမျိုးသားတစ်ဦးက ပစ်သတ်ခံရ

diz_admin

December 21, 2021

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ ကထီးဝရွာ လမ်းပိုင်းတစ်နေရာတွင် အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ဒလံဟု သတင်းထွက်သည့် ဦးမြင့်ဆွေမှာ ရှင်မုတ္ထီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကထီးရွာရှိ ၎င်း၏ ဥယာဉ်ခြံသို့ ရော်ဘာခြစ်သွားပြီး အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ က ပြောသည်။ အဆိုပါအမျိုးသားကို ဒလန်၊ ပျူစောထီးအဖွဲ့၏ ညီ စသဖြင့် ပြောဆိုမှုများရှိသော်လည်း ကျေးရွာတွင် မည်သူ့ကိုမျှ ဒုက္ခ မပေးဖူးကြောင်း ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။ ဦးမြင့်ဆွေ၏ ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂၁) နေ့လယ်တွင် သွားရောက်သယ်ယူ လာပြီဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်သည်ကိုလည်း မသိရကြောင်း ၎င်းက ပြောသည်။

ထားဝယ် ခေါင်တိုင်ပြင်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေးရ

diz_admin

December 21, 2021

ထားဝယ်မြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ခေါင်တိုင်ပြင်ကျေးရွာကို ယနေ့နံနက်က စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း အဆိုပါ ကျေးရွာဒေသခံများထံမှ သိရသည်။ မောင်မယ်ရှောင်ကျေးရွာအုပ်စုတွင်ရှိသည့် ခေါင်တိုင်ပြင်ရွာဘက်ကို ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး နံနက် ၁၁ နာရီ ဝန်းကျင်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်ရော်ဘာခြစ်ရာက ပြန်လာချင်းပဲ လက်နက်ကြီးသံကြားလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်။ စစ်တပ်က အနောက်တောင်တန်းက ဖြတ်ဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ချလာတာ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ်ဘေးလွတ်ရာသို့ […]

ဝေဒီရွာသားတစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် ဒေသခံတစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၇ ရက်တွင် ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကိုစိုးပိုင်ဆိုသူသည် ဒီဇင်ဘာလ ၁၆ ရက် ညဘက် အပြင်ထွက်ရာ ယင်းရွာဈေးအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဝေဒီကျေးရွာ ဈေးအနီးရှိ ဘုန်းကြီးကျောင်း၌ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုစိုးပိုင်၏ နေအိမ်ကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနက်ကျတော့ သူ့(ကိုစိုးပိုင်) ကို အိမ်မှာ […]

ပိတ်ဆို့မှုကြောင့် ဒုက္ခတွေ့နေသည့် တောင်ပျောက်တိုက်နယ်

diz_admin

December 18, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများတွင် ပိတ်ဆို့ စစ်ဆေးနေသဖြင့် ဒေသခံများ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်ပင် အခက်တွေ့နေပြီး သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းတစ်ခုဖြစ်သည့် သဲချောင်းကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က စစ်ဆေးရေးဂိတ်ချ တားဆီးစစ်ဆေးနေသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဆန်အိတ်နှင့် အခြားရိက္ခာ၊ ကွမ်းသီးအိတ်များ စသည်တို့ကို မည်သူမည်ဝါ၏ ပစ္စည်းဖြစ်ကြောင်း နာမည် ရေးထိုးပြီး မြို့တက်သည့် ကားဖြင့် တင်ပို့ရောင်းချခြင်း၊ ပစ္စည်းဝယ်ခြင်းတို့ ပြုလုပ်ကြကြောင်း ဒေသခံများက ဆိုသည်။ ၎င်းတို့ သင်္ကာမကင်းသည့် နာမည်များပါပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံရွာသားများ၏ စားနပ်ရိက္ခာများကို သိမ်းခြင်း၊ ကွမ်းသီးအိတ်များကို သိမ်းခြင်း၊ ငွေကြေးများကို သိမ်းသည့်အပြင် လူကိုလည်း မသင်္ကာပါက ဖမ်းဆီးသည်ဟု […]

သရက်ချောင်း သဲချောင်းကြီးရွာက NLD အမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 18, 2021

သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက NLD ပါတီအမာခံ ဦးဆန်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်လိုက်ကြောင်း အိမ်ပိုင်ရှင်နှင့် ဒေသခံရွာသားအချို့က ပြောသည်။ အသက် ၄၃ နှစ်အရွယ် ဦးဆန်းထွန်း (ခေါ်) ကိုရန်ကုန် ၏ နေအိမ်မှာ ယခင်က NLD ပါတီဆိုင်းဘုတ် တင်ထားသည့် နေအိမ်ဖြစ်ပြီး ၎င်းတို့မိသားစုမှာလည်း NLD ပါတီထောက်ခံသူများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းသည် PDF အဖွဲ့နှင့်ဆက်နွယ်သည်၊ ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၉ ရက်တွင် ယင်းအိမ်ကို ဝိုင်းခဲ့ကြပြီး လူကိုမတွေ့သဖြင့် ဖုန်းငါးလုံးကို သိမ်းယူသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဆန်းထွန်း အပါအဝင် မိသားစုဝင်များအားလုံး ရှောင်တိမ်းနေရပြီး ဦးဆန်းထွန်းကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ […]

ထားဝယ်ခရိုင်လျှပ်စစ်မီတာခ လစဉ်ဈေးတက်၊ တင်ဒါအောင်ဈေးထက် ၄၅ ကျပ်ပို

diz_admin

December 17, 2021

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခမှာ ပြီးခဲ့သည့် ဇူလိုင်လမှစကာ လစဉ်ဈေးတက်နေပြီး ဈေးတက်မည့် အကြောင်းကို ကြိုတင်အသိပေးခြင်းလည်း မရှိကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများထံမှ သိရသည်။ ဇူလိုင်လက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ် ကောက်ခံနေရာမှ ဒေါ်လာဈေးတက်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၈၃ ကျပ်အထိ တိုးမြှင့်ကောက်ခံနေသည်။ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro and Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။ နိုဝင်ဘာလအတွက် ကောက်ခံနေသည့် ဈေးနှုန်းအရ တင်ဒါအောင်ဈေးထက် လျှပ်စစ်တစ်ယူနစ်လျှင် ၄၅ ကျပ် ပိုမိုနေသည်။ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်တစ်ယူနစ်လျှင် ဇူလိုင်လတွင် ၂၃၅ ကျပ်၊ ဩဂုတ်လတွင် ၂၄၈ ကျပ်၊ […]

ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်

diz_admin

December 16, 2021

ထားဝယ်ဒေသတွင် ပြီးခဲ့သည့်တစ်လခန့်မှစကာ ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်နေကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူအချို့ထံမှ သိရသည်။ ဆိုင်ကယ်အသစ် (ပါကင်) ဈေးတက်နေသည့်အတွက် အသုံးပြုပြီး ဆိုင်ကယ်တစ်ပတ်ရစ်ဈေးလည်း တက်သွားကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။ ဆိုင်ကယ် ထုတ်လုပ်သည့်ခုနှစ်၊ အမျိုးအစားနှင့် ဆိုင်ကယ်ကောင်း၊ မကောင်းအပေါ်မူတည်ကာ ငွေကျပ်တစ်သိန်းမှ သုံးသိန်းဝန်းကျင်အထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ “ဆိုင်ကယ်ဈေးတွေက မိုးပေါ်မှာချည်းပဲ။ အကုန်တက်နေကြတယ်” ဟု ယင်းဆိုင်ကယ် ဝယ်ရောင်း လုပ်နေသူက ဆိုသည်။ ထားဝယ်ဒေသတွင် ၂၀၁၃ ခုနှစ်ထုတ် Click I အမျိုးအစား ဆိုင်ကယ်ကို ပျမ်းမျှအားဖြင့် ၁၀ သိန်း ဝန်းကျင်ဖြင့် ရောင်းချနေကြသည်။ လက်ရှိတွင် ဆိုင်ကယ်ဈေးတက်သွားသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဆိုင်ကယ် ဝယ်ရောင်းလုပ်နေသည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။ “လူတွေက ပြန်ရောင်းလည်း ဈေးမြင့်တာပဲ။ […]

လောင်းလုံး ဝေဒီရွာတွင် ရွာသားသုံးဦးအဖမ်းခံရ၊ ဆိုင်ကယ်အချို့ကိုလည်း ဒဏ်ရိုက်

diz_admin

December 16, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်တပ်က တပ်လာစွဲပြီး‌နောက် ရွာသားသုံးဦး အဖမ်းခံရကာ ဆိုင်ကယ်အချို့ကိုလည်း ဖမ်းဆီးဒဏ်ရိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်တပ်က ဝေဒီကျေးရွာဈေးအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်က ညဦးပိုင်း အပြင်ထွက်သည့် အမျိုးသားသုံးဦး အဖမ်းခံရပြီး ပြန်မလွတ်လာသေးကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၁၀ နာရီကျော်တွင် ပြောသည်။ မည်သည့်အတွက် ဝေဒီကျေးရွာတွင် တပ်လာစွဲသည်ကို မသိကြောင်း ဒေသခံအချို့က ဆိုသည်။ ဒီဇင်ဘာလ ၉ ရက်ကမူ ဝေဒီကျေးရွာအနီးက အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ဖူးသည်။ အင်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်မူမှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က […]