ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
diz_admin
April 28, 2022လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ယနေ့ (ဧပြီ ၂၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ပန်းဒလဲကျေးရွာသူဖြစ်ပြီး လေးတောင်မိန်းမ (ခေါ်) ဒေါ်သန်းသန်းသက်ဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးမှာ ယနေ့ နံနက်ပိုင်းက ကျေးရွာဈေးတွင် ဈေးကောက် ကောက်နေစဉ် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမတစ်ချက်ပစ်တယ်။ မှောက်ရက်လဲကျသွားပြီးတော့မှ ပြန်လှည့်လာပြီး သုံးချက်ထပ်ပစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်သန်းသန်းသက်မှာ ပြီးခဲ့သည့်လပိုင်းက ပစ်သတ်ခံလိုက်ရသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးဇော်နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ လက်နက်ကိုင်ဆောင်ထားက မကြာခဏ ပစ်ဖောက်လေ့ ရှိကြောင်း ဒေသခံများထံမှ […]


