သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာဧရိယာအတွင်း စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
April 17, 2022သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအလွန် ကမြိုင်ကျေးရွာ ဧရိယာအဝင် မြိတ်-ထားဝယ် ကားလမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက် ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ အဆိုပါ စစ်တပ်ကား သုံးစီးမှာ မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သားများ ကားပေါ်မှဆင်း၍ ပစ်ခတ်စဉ် မိုင်းဆွဲတိုက်ခိုက်သူတို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ မိုင်းဆွဲခံရသည့်နေရာအနီးရှိ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးနေပြီး အနီးဝန်းကျင်ရှိ ရော်ဘာခြံအလုပ်လုပ်ကိုင်သူ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကားသုံးစီးနှင့် ကရိန်းကားတစ်စီးကိုတွေ့ရကြောင်း သရက်ချောင်းမြို့ဘက်မှ ကျွဲမင်းကုန်းရွာကို ပြန်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကားတစ်စီးကြေသွားတယ်၊ အခုကရိန်းကားနဲ့ လာဆွဲနေတာထင်တယ်၊ မနက်တုန်းက အရေးပေါ်ကားနဲ့တင်ဆောင်သွားတဲ့ လူနာတွေရှိတယ်” […]


