တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း အောင်လွင် (ကံပေါက်သား) အဖမ်းခံရ
diz_admin
April 8, 2022ထားဝယ်အခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း တစ်ဦးဖြစ်သူ အောင်လွင် (ကံပေါက်သား) (ဦးအောင်လွင်)ကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။ မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ဦးအောင်လွင် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ထားဝယ်မြို့ အထွက် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် အတူ ဖမ်းဆီးသွားကြောင်း သိရသည်။ ဦးအောင်လွင်နှင့် ယာဉ်မောင်းဖြစ်သူကို မည်သည့်အတွက်ကြောင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မိသားစုဝင်များက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။ အသက် ၃၀ ကျော် အရွယ်ရှိ ဦးအောင်လွင်သည် အောင်လွင် (ကံပေါက်သား) အမည်ဖြင့် တနင်္သာရီဂျာနယ်တွင် ဆောင်းပါးများ ရေးသားလေ့ရှိသူဖြစ်ပြီး တနင်္သာရီဂျာနယ်ကို ၂၀၂၁ ခုနှစ် […]


