တောင်ပျောက်တွင် ရွာသားတစ်ဦးအသတ်ခံရပြီး တစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး၊ နေအိမ်ခုနစ်လုံး မီးရှို့ခံရ
diz_admin
April 3, 2022တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပျောက်တိုက်နယ် ကျောက်အိုင်ရွာသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် အသတ်ခံရပြီး နောက်တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးကာ ကျေးရွာသုံးရွာက နေအိမ် ခုနစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်အိုင်ရွာသား ကိုလင်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ထိပ်တန်းလန်းဖြင့် အသတ်ခံထားရသည်ကို တွေ့ရပြီး ကိုအောင်သန်းဌေးမှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးကြောင်း ၎င်းတို့က ပြောသည်။ “ကလေးရော လူကြီးရော ဖမ်းမိထားတာရှိတယ်။ သူတို့က လူသားဒိုင်းမျိုးလုပ်ပြီး ခေါ်ဆောင်နေတာ။ သူတို့ကို ပစ်မရဘဲ နေအောင်ပေါ့။ ပြီးရင် တစ်ယောက် သတ်ပစ်ခဲ့တယ်။ တစ်ယောက်က လက်နက်ကြီး ကျည် ထိပြီး သေတယ်။ (သတ်ခံရတဲ့သူက) လက်ထိပ်နဲ့ပဲ” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ ယင်းအပြင် ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲကျေးရွာ သုံးရွာက ဒေသခံပြည်သူလူထု၏ […]


