စာမေးပွဲခန်းထဲ ကျောင်းသားများထိုင်နေချိန် ရေဖြူ အထက်တန်းကျောင်းတွင် အသံဗုံးပေါက်ကွဲ
diz_admin
April 1, 2022တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် ရေဖြူမြို့နယ် အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေစဉ် ယနေ့ (ဧပြီ ၁) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ စာစစ်ဌာနခြံဝင်းထထဲတွင်ဖြစ်ပြီး စာမေးပွဲမဖြေဆိုမီ ပေါက်ကွဲခြင်းဖြစ်ကာ အခန်းမှန်အချို့ ကွဲသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆို ၉၉ ဦး ရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲခန်းထဲတွင် ထိုင်နေစဉ် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီလိုဟာမျိုးလုပ်တဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်တာပေါ့။ ခံစားရတယ်။ တို့လုပ်နေတဲ့ဟာသည် ကလေးတွေဘဝမြှင့်တင်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ဒီကိစ္စကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲ ရှိလည်း […]


