လောင်းလုံး ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရ
diz_admin
March 28, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟုလည်း နာမည်ကြီးသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး (မတ် ၂၈) သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ဦးသိန်းဇော် ခေါ် ဦးဇော်ဆိုသူဖြစ်ပြီး ပန်းဒလဲရွာနှင့် အင်းဇောက်ရွာကြား ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးသိန်းဇော် ဆိုင်ကယ် စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံကတော့ လေးချက်လောက် ကြားရတယ်” ဟု ၎င်းက ဆိုသည်။ ယင်းသို့ ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ သယ်ဆောင်သွားပြီး သေဆုံးသွားပြီဟု သတင်းထွက်ပေါ် နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေတယ်ဆိုရင်တော့ ရွာကိုအလောင်းပြန်သယ်လာမှာပဲ။ အခုထိတော့ ရွာကို မရောက်လာသေးဘူး။ ဆိုတော့ […]


