ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် လူငယ်တစ်ဦး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံရ

diz_admin

March 11, 2022

ထားဝယ်၌ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရရာတွင် ဖမ်းဆီးခံရသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၂၈နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ဟိန်းမင်းကိုကို (ခေါ်) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၄ ရက်နေ့က ယင်းသို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်က ဘုံမ္မော်ရပ်ကွက်တွင် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ဟိန်းမင်းကိုကိုနှင့်အတူ ၁၅ ဦးအဖမ်းခံခဲ့ရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဟိန်းမင်းကိုကိုမှာ ဖမ်းဆီးခံရချိန် လက်မောင်း၊ ပေါင်နှင့် ခြေထောက်တို့တွင် ရော်ဘာကျည်နှင့် အနီးကပ် ပစ်ခံထားရခြင်းကြောင့် ဒဏ်ရာအပြင်းအထန် […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့်သူ လေးထောင်ကျော်သာရှိ

diz_admin

March 9, 2022

တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ နှစ်စဉ် နှစ်သောင်းကျော်ရှိသည့် တနင်္သာရီတိုင်းတွင် ယခုနှစ် စာမေးပွဲ ဖြေရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က (ကိုဗစ်စတင်ဖြစ်ပွားသည့်နှစ်) တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ကျောင်းသား၊ ကျောင်းသူ ၂၅၂၆၄ ဦးရှိခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် ပညာသင်နှစ်တွင် နိုင်ငံ အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားသဖြင့် စစ်မေးပွဲ စစ်ဆေးခြင်း မရှိခဲ့ပေ။ ယခုပညာသင်နှစ်တွင်မူ စာမေးပွဲဖြေမည့်သူ ၄၇၆၃ ဦးသာရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုပညာသင်နှစ်တွင် ကျောင်းလာအပ်သူနည်းသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ နည်းသွားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။ “အဓိကတော့ ကျောင်းလာ မအပ်လို့ပေါ့” ဟု […]

နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ထားဝယ်တွင် မြေအကွက်ရိုက်ရောင်းချမူ ပိုများလာ

diz_admin

March 8, 2022

နိုင်ငံရေး မတည်ငြိမ်သောကာလ အုပ်ချုပ်ရေးပိုင်း လျော့ရဲနေသည့်အချိန်တွင် ထားဝယ်ခရိုင်အတွင်း အိမ်မြေ အကွက်ရိုက်ရောင်းချမူ ပိုမိုများပြားလာကြောင်း ဒေသခံအချို့က ပြောသည်။ လယ်မြေကို မြေဖို့၊ ဥယျာဉ်ခြံမြေကို အပြောင်ရှင်းပြီး အကွက်ရိုက်ကာ အိမ်မြေအဖြစ် ရောင်းချနေကြခြင်း ဖြစ်သည်။ NLD အစိုးလက်ထက်ကမူ ယင်းကဲ့သို့ မြေအကွက်ရိုက် ရောင်းချခြင်းသည် တရားဝင်မှု မရှိသဖြင့် တားမြစ် အရေးယူခဲ့သည်။ ယင်းကဲ့သို့အရေးယူသဖြင့် အကွက်ရိုက်ရောင်းချမူ အတိုင်းအတာတစ်ခုအထိ လျော့နည်းခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကွက်ရိုက်မြေရောင်းချမူများ ပိုမိုတွင်ကျယ်လာခဲ့ ပြန်သည်။ ယခင်က အကွက်ရိုက်မြေ ရောင်းဝယ်ခြင်းများကို သိုသိုသိပ်သိပ်လုပ်ဆောင်ကြသော်လည်း လက်ရှိတွင် ဒေသတွင်း Facebook ဆယ်လီများကို ငှားရမ်းပြီး Facebook မှတစ်ဆင့် Live လွှင့် ရောင်းချသူများပင် ရှိနေသည်။ “တစ်ခါငှားပြီး‌ ကြော်ငြာခိုင်းရင် ငါးသောင်း (ကျပ်) […]

စားအုန်းဆီဈေး သုံးဆနီးပါးတက်လို့ အခြေခံလူတန်းစားများ အခက်တွေ့

diz_admin

March 7, 2022

စားအုန်းဆီဈေးနှုန်းမှာ အာဏာမသိမ်းမီကဈေးထက် သုံးဆနီးပါးမြင့်တက်လာသည့်အတွက် အ‌ခြေခံ လူတန်းစားများ အခက်တွေ့နေရကြောင်း ငြီးတွားနေကြသည်။ ထားဝယ်ဈေးကွက်တွင် ၁၀ ပိဿာ ၄၀ ကျပ်သားဝင် ကော်ဆီပုံးဝါတစ်လုံးလျှင် ကျပ်ရှစ်သောင်းဝန်းကျင်၊ ပဲလုံးဆီ တစ်လီတာ တစ်ဘူးလျှင် လေးထောင်ငါးရာကျပ်ဝန်းကျင်နှင့် ပုဇွန်ဆီတစ်ဘူးလျှင် လေးထောင်ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။ အဆိုပါ ဈေးနှုန်းများမှာ မတ်လ ၇ ရက်နေ့ ပေါက်ဈေးများဖြစ်သည်။ အထက်ပါစားအုန်းဆီဈေးများမှာ အာဏာ မသိမ်းမီက သုံးသောင်းဝန်းကျင်သာရှိပြီး လက်ရှိမှာ ယင်းဈေးထက် သုံးဆနီးပါး မြင့်တက်နေခြင်းဖြစ်‌ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီဈေးမှာ နေ့တိုင်းနီးပါး ဈေးတက်နေပြီး အပြောင်းအလဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။ “ဆီဈေးက တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ ဒီနေ့ရောင်းတဲ့ဈေးက မနက်ဖြန် ကိုယ်ပြန်ဝယ်ရတဲ့ အရင်း ဖြစ်နေတာ” ဟု ၎င်းက […]

ထားဝယ်တွင် သုံးလသားကလေးအပါအဝင် လေးဦး ကိုဗစ်ဖြင့် သေဆုံး

diz_admin

March 7, 2022

ရေဖြူမြို့နယ် မူးဒူးရွာက အသက် သုံးလသား ကလေးတစ်ဦး အပါအဝင် လူလေးဦး မတ်လ ၆ ရက်နေ့က ကိုဗစ်‌ဖြင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် နာရေးကူညီမှု-ထားဝယ်တို့ထံမှ သိရသည်။ သုံးလသား ကလေးငယ်မှာ ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကုသနေစဉ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီခန့်တွင် သေဆုံးသွားကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဆိုသည်။ “ကိုဗစ်နဲ့ လသားအရွယ်သေတာ ထားဝယ်မှာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။ ကိုဗစ်ဖြင့်သေဆုံးသည့် အထက်ပါကလေးငယ်အား ယနေ့ (မတ် ၇) သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ သေဆုံးသွားသည့် ကလေးငယ်၏ မိဘတွင်မူ ကိုဗစ်ပိုးမတွေ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က အသက် ၈၃နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ […]

ထားဝယ်တွင် မနက်ဖြန် ငါးနာရီကြာ မီးပြတ်မည်

diz_admin

March 5, 2022

ထားဝယ်မြို့နယ်အတွင်း မနက်ဖြန် (မတ် ၆) နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ငါးနာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့တပ်ဆင်ရန်အတွက် ငါးနာရီကြာ လျှပ်စစ်မီးဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဓာတ်အားသုံးစွဲမူ ဝန်များလာသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေခံလျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် သုံးစွဲနေချိန် တနင်္သာရီတိုင်းနေ ပြည်သူတို့မှာ ၎င်းတို့ထက် ရှစ်ဆကျော် ဈေးပိုပေးပြီး သုံးစွဲနေရသည်။ လက်ရှိထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်ကို ၂၈၃ ကျပ်ဖြင့် သုံးစွဲနေရသည်။ မြိတ်နှင့် […]

ကံပေါက် မိကျောင်းအိုင်ရွာသားတစ်ဦး အသတ်ခံရ

diz_admin

March 4, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ မိကျောင်းအိုင်ရွာသားတစ်ဦး မတ်လ ၃ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ဦးလှသန်းဆိုသူဖြစ်ပြီး ကံပေါက်ကျေးရွာအုပ်စု ဖက်တောင်ရွာ ဥယျာဉ်ခြံသွားလမ်းတ‌စ်နေရာတွင် ဝမ်းဗိုက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားတစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးလှသန်းအား စစ်ကောင်စီသတင်းပေးဟုဆိုကာ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးလှသန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင် စစ်အစိုးရ ခေတ်ကလည်း ကျေးရွာကောင်စီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

ဘဏ်အပ်ငွေ ထုတ်ရခက်ခဲနေဆဲ

diz_admin

March 4, 2022

တစ်နှစ်ကျော်ကြာသည်အထိ ပြည်သူများ၏ ဘဏ်အပ်နှံငွေများကို ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်လေးခုကို ဆက်သွယ်မေးမြန်းခဲ့ရာ ဘဏ်အပ်နှံငွေများကို အကန့်အသတ် ဖြင့်သာ ထုတ်ပေးနိုင်သေးကြောင်း ပြောကြသည်။ ဧရာဝတီဘဏ်တွင် အကောင့်ထဲရှိ ငွေများကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပေးနေပြီး တစ်ကြိမ်ထုတ်လျှင် ကျပ်သုံးသိန်းသာရရှိကြောင်း ၎င်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ငွေထုတ်ယူရန်အတွက် ကြိုတင်တိုကင်ယူရန် မလိုကြောင်း ၎င်းကပြောသည်။ ကမ္ဘောဇဘဏ်တွင်မူ ကြိုတင်တိုကင်ယူရပြီး တစ်ကြိမ်ငွေထုတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ပေးကြောင်း ယင်းဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။ ရုံးဖွင့်ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအချိန်တွင် တိုကင်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ CB ဘဏ် (ထားဝယ်) တွင်မူ ငွေထုတ်ပြီးပါက နောက်တစ်ကြိမ်ထုတ်ရမည့်အချိန်ကို ရက်ချိန်းပေးလိုက် ကြောင်း ၎င်းဘဏ်တွင် ကိုယ်တိုင်ငွေထုတ်ဖူးသူတစ်ဦးက ပြောသည်။ တစ်ခါထုတ်လျှင် […]