လောင်းလုံး သဗျာရွာတွင် ဖမ်းခံရသူများပြန်လွတ်
diz_admin
February 23, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဗျာကျေးရွာ အအေးဆိုင်တစ်ဆိုင်တွင် အဖမ်းခံခဲ့ရသည့် လူငယ်များအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်က သဗျာရွာ အအေးဆိုင်တစ်ဆိုင်တွင် ပြုလုပ်သည့် မွေးနေ့ပွဲသို့ သွားရောက်စဉ် ဆန္ဒပြရန် လူစုနေသည်ဟူသည့် သံသယဖြစ် ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် အဖမ်းခံရပြီး ယင်းနေ့ ည ၈ နာရီခန့်တွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “မွေးနေ့ကိတ်ခွဲမလို့ လုပ်နေတုန်းပဲ ရှိသေးတယ်။ အဲဒီမှာ အဖမ်းခံရတာပေါ့နော်။ ဖမ်းပြီးတော့ သူတို့ မေးစရာရှိတာ မေးပြီး အဲဒီညမှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ အဖမ်းခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် […]


