ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကျောက်ဆင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

October 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက်လေးဆယ်ဝန်းကျင်အရွယ် ဦးရီဦး ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ရွာထဲကနေပြီး ဆိုင်ကယ်နဲ့ သူ့အိမ်ပြန်တဲ့အချိန်မှာ အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး ပစ်သွားကြတာ။ သူ့အိမ်မရောက်ခင် နှစ်အိမ်ကျော်လောက်မှာ ပစ်ခံရတာ။ သေနတ်သုံးချက်ထိတယ်လို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။ ဦးရီဦးသည် စက်တင်ဘာလ ၉ ရက်က ပစ်သတ်ခံခဲ့ရသည့် သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးနှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ကျောက်ဆင်ရွာသားများ ထောက်ခံစာလိုအပ်ပါက ၎င်းထံတွင် သွားယူရသည်ဟုဆိုသည်။ လက်ရှိတွင်မူ ထောက်ခံစာမရေးပေးတော့ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးရီဦးသည် ယခင်က အလှူနှင့် […]

ထားဝယ်မြစ် ရေလယ်ကျွန်းပေါ် မတက်ရန် တားမြစ်၊ ဓနိသကြားချက်သူများ အခက်တွေ့

diz_admin

October 8, 2021

ထားဝယ်မြစ် ရေလယ်ကျွန်းများပေါ် မတက်ရန် တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သူများ မိသားစုဝင်ငွေထိခိုက်ကာ အခက်တွေ့လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ညည်းတွားနေကြသည်။ အဆိုပါ မြစ်လယ်ကျွန်းများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှာ ၃၀ ရက်နေ့အထိ ထားဝယ်အခြေစိုက် အမြောက်တပ်မှ အမြောက်ပစ်လေ့ကျင့်မည်ဟု ထုတ်ပြန်ထားသည်။ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်း‌ကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနေရာလေးခုတွင် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အထက်ပါကျွန်းများတွင် ဓနိပင်များရှိသည့်အတွက် ဒေသခံများက ဓနိသကြားချက်လုပ်သည့် လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ထိုသို့ထုတ်ပြန်ပြီးနောက် အထက်ပါကျွန်းများ ပတ်လည်တွင် ဆိုင်းဘုတ်အနီများထောင်ကာ လူတက်ရောက်နေထိုင်ခွင့်ကိုပါ ကန့်သတ်လိုက်ကြောင်း ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။ ယင်းကဲ့သို့တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သည့် လုပ်ငန်းများရပ်နားထားရပြီး မိသားစုဝင်ငွေထိခိုက်ရကြောင်း ဓနိသကြားချက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။ “တစ်သက်မှာ တစ်ခါမှ အခုလိုမကြုံဖူးဘူး။ အဖေ့လက်ထက်က စလုပ်လာတာ။ […]

ထားဝယ်ဆိပ်ကမ်းသာလမ်း၌ ရေကူးကန်ဆောက်မည်

diz_admin

October 8, 2021

လာမည့် ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းနံဘေးတွင် ပြိုင်ပွဲလုပ်နိုင်သည့် ဒိုင်ဗင်ရေကူးကန်နှင့် ရိုးရိုးရေကူးကန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံက သိရသည်။ အလျား မီတာ ၅၀၊ အနံ ၂၅ မီတာခန့်ရှိ လူဆယ်ယောက်ခန့်တစ်ပြိုင်တည်း ရေကူးပြိုင်နိုင်မည့် ကန်တည်ဆောက်မည်ဖြစ်ပြီး ၂၅ မီတာပတ်လည် ဒိုင်ဗင်အားကစားနည်း ရေကူးကန်ကိုလည်း ယင်းနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ “ရေကူးအားကစားသမားတွေထွက်လာအောင်ပေါ့၊ တို့ဆီမှာ ရေကူးကန်ကလည်းမရှိဘူး၊ ဒိုင်ဗင်သမားတွေလည်း မရှိဘူး၊ ဒိုင်ဗင်ကန်လည်းမရှိဘူး၊ ရေကူးကန်လည်းမရှိဘူး၊ နိုင်ငံကိုယ်စားပြု ရေကူးအားကစားသမားတွေထွက်လာဖို့အတွက် ဒါကို အစပျိုးပြီးတော့ လုပ်တာပေါ့” ဟု ဦးစိုးမိုးနိုင်က ပြောသည်။ ရေကူးကန်တည်ဆောက်မည့်နေရာတွင် အလျား ၃၇၈ ပေ၊ အနံ ၁၅၀ ပေခန့်ရှိ မိုးလုံလေလုံအားကစားရုံလည်း တည်ဆောက်သွားမည်ဖြစ်ပြီး […]

ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

diz_admin

October 7, 2021

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။ သြဂုတ်လအတွင်း သုံးစွဲခဲ့သည့် မီတာဘေလ်အား အောက်တိုဘာလ ၆ ရက်နေ့တွင် မီးသုံးသူများထံ လိုက်လံဖြန့်ဝေခဲ့သည်။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက ၂၀၁၉နှစ်ကုန်တွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားသည်။ လက်ရှိတွင် ကုမ္ပဏီအနေဖြင့် သဘာဝဓာတ်ငွေ့မီးစက်အရန်ပစ္စည်းဝယ်ယူခြင်းနှင့် အရန်မီးစက်များအတွက် ဒီဇယ်ဆီဝယ်ယူခြင်း အစရှိသည့်ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာငွေလဲနှုန်းတက်နေသည့်အတွက် ဈေးအနည်းငယ်တက်သွားခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။ […]

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးတက်

diz_admin

October 7, 2021

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတက်နေသည့်အတွက် ဒေသခံများ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် ထားဝယ် မုန့်လက်သုပ်လည်း ဈေးတက်သွားခဲ့သည်။ ယခင်က မုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှ ၃၀၀ ကျပ်သာ ရှိရာမှ ကုန်ဈေးနှုန်းတက်ပြီး အခုရက်ပိုင်းအတွင်း ၄၀၀ ကျပ်ဖြစ်သွားကြောင်း မုန့်လက်သုပ်ရောင်းချသူအချို့ထံမှ သိရသည်။ ထားဝယ်မုန့်လက်သုပ်ကို ပအုန်းရည်၊ ပင်လယ်ငါးနှင့် ကြက်သွန်နီတို့ကို အခြေခံပြီး ချက်ပြုတ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းပစ္စည်းများ ဈေးတက်သွားသဖြင့် ဈေးတင်ရောင်းချရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်တွင် မုန့်လက်သုပ်ရောင်းနေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ လက်ရှိကုန်ဈေးနှုန်းအရ တစ်ပွဲလျှင် ၃၀၀ ကျပ်ဖြင့်ရောင်းပါက အမြတ်မရှိတော့သည့်အတွက် တစ်ပွဲလျှင် ၁၀၀ ကျပ်ဈေးတင်ရောင်းနေရကြောင်း ၎င်းက ပြောသည်။ “သုံးရာနဲ့ဆိုရင် ကိုယ့်အတွက် မကျန်တော့ဘူး၊ ရောင်းလို့ရတာအကုန်လုံး ပြန်ဝယ်ဖို့အတွက်ပဲ ရတယ်” ဟု […]

စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

October 7, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။ “စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပါ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုထိတော့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် စော်ဖျားရွာရှိ သံဃာတော်နှစ်ပါးဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။ အောက်တိုဘာလ ၅ ရက်က‌ စော်ဖျားရွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

diz_admin

October 5, 2021

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9 ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါရေကြောင်းသတိပေးထုတ်ပြန်ချက်အား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ Nearshore geophysical site investigation (ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု)နှင့် Survey for domestic gas to power project pipeline survey လုပ်ကိုင်ရာတွင် […]