ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကတ်များ ဈေးမတက်သေး
diz_admin
January 12, 2022အင်တာနက် အသုံးပြုမှုအတွက် စစ်ကောင်စီက အခွန်တိုးကောက်နေပြီဖြစ်သော်လည်း ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်များ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖုန်းဆင်းကတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်မည့် သုံးလခံ ဥပဒေတစ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း ထားဝယ်ဈေးကွက်တွင် ဖုန်းဆင်းကတ် တစ်ကတ်ကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြင့် ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့အတွင်းက ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။ သို့သော် မှတ်ပုံ မတင်ရသေးသည့် ဖုန်းဆင်းကဒ်များဆိုလျှင် ဆော့ဝဲလ်ထဲဝင်ကာ မှတ်ပုံတင် မရဖြစ်နေသဖြင့် ဆင်းကဒ် လက်ဆောင်ပေး၍ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့၊ […]


