ထားဝယ်တွင် ၁၂ရက်အတွင်း ၂၅ဦး ပြစ်ဒဏ်ချခံရ၊ အာဏာသိမ်းမှုဆန့်ကျင်၍ ပြစ်ဒဏ်ချခံရသူ ၁၂၀ ကျော်ရှိပြီ
diz_admin
January 2, 2022ထားဝယ်ထောင်တွင် ၁၂ ရက်အတွင်း ပြစ်ဒဏ်ချခံရသူ ၂၅ ဦးအထိရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသည့် အမျိုးသား ၁၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က (DPPN) က ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်းချိန်မှ စတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမိန့်ချခံရသည့် အမျိုးသားသီးသန့် စာရင်းဖြစ်ကြောင်း DPPN တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်းတွင်မူ ထောင်ဒဏ်ချခံရသူ ၂၅ ဦးရှိကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။ “အမိန့်ချခံရသူစာရင်းက ဒီထက်ပိုရင်လည်း ပိုနိုင်မှာပါ။ ဖမ်းဆီးခံရသူ စာရင်းကတော့ (အပြည့်အစုံ) ရဖို့ ခက်ခဲတယ်။ အခု အမိန့်ချခံရပြီးသူ စာရင်းတောင် ကျွတော်ပြန်လွတ်လာမှ လုပ်ရတာ” ဟု […]


