သရက်ချောင်းတွင် စစ်ကား လေးစီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံး မီးရှို့ခံရ
diz_admin
December 26, 2021သရက်ချောင်းမြို့နယ်ဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား လေးစီးသည် သရက်နှစ်ခွ ကျေးရွာနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် သင်းကျွန်းရွာက ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သရက်နှစ်ခွရွာအထွက်နှင့် သင်းကျွန်းရွာကြားတွင် ပေါက်ကွဲသံကြားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က လမ်းတစ်လျှောက် သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သရက်နှစ်ခွရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “(မိုင်းကွဲလို့) တွင်းနှစ်တွင်း ပေါ်နေတယ်။ ပထမတစ်လုံး ပေါက်ကွဲသံ ကြားပြီးမှာပဲ သေနတ်တွေ ဆက်တိုက်ပစ်တာ” ဟု ၎င်းက ဆိုသည်။ မိုင်းဖောက်ခွဲခံရသည့်နေရာအနီး သရက်နှစ်ခွရွာတွင် နေသည့် ဦးဌေးဝင်းကို ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်းအိမ်မှ ဆွံ့အ၊ နားမကြားသည့် မသန်စွမ်းအမျိုးသားတစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရာ […]


