သရက်ချောင်းတွင် တိုက်ပွဲဖြစ်၊ ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရ
diz_admin
January 7, 2022သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းကာ ယနေ့ နံနက် ၉ နာရီခန့်က လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်ကားမှာ ကင်းရှေ့ရွာနှင့် ဆေးဖြတ်ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ စော်ဖျားနှင့် ကင်းရှေ့တို့မှာ ရွာနီးစပ်များဖြစ်သည်။ ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီခန့်တွင် ကင်းရှေ့ရွာသို့ လက်နက်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံအချို့က […]


