ထားဝယ်အရှေ့တောဒေသ ကျန်းမာရေးအတွက် အခက်တွေ့
diz_admin
October 5, 2021မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသနေသူများ ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း ဒေသခံပရဟိတ အသင်းအချို့ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့တွင် ပြည်သူ့ဆေးရုံရှိသော်လည်း ဆရာဝန်နှင့်သူနာပြုမရှိသည့်အတွက် လူနာလက်မခံဖြစ်နေကြောင်း ယင်းအဖွဲ့များက ဆိုသည်။ ထိုကြောင့် ထားဝယ်အရှေ့တောနေ ပြည်သူများကျန်းမာရေးအရ ဆေးရုံဆေးခန်းပြရန် လိုအပ်လာပါ မိုင်၃၀ ကျော်ဝေးသည့် ထားဝယ်မြို့တွင် လာရောက်ပြသကုသနေရကြောင်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာ အခြေစိုက် TTL အာယုဒါန ရှာဖွေကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ကိုပြည့်ဇော်ဟိန်းက ပြောသည်။ လက်ရှိတွင် မေတ္တာဆေးရုံ၌ ဆရာဝန်တစ်ဦးသာရှိသည့်အတွက် လူနာလက်ခံခြင်းမရှိသေးကြောင်း သိရသည်။ ထိုကြောင့် ကိုဗစ်ရောဂါ အပါအဝင် အခြားရောဂါသည်များမှာ ထားဝယ်မြို့ သို့မဟုတ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ ဆာဒိုဝါးပုဂ္ဂလိကဆေးခန်းတွင် ကုသနေရကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။ “အရှေ့တောတစ်ခွင်လုံးက မေတ္တာဆေးရုံကိုပဲ အားကိုးနေရတယ်” ဟု ၎င်းက ပြောသည်။ […]


