မြိတ် သံဃာ့ဆေးရုံရှိ ခေတ္တပိတ်ထားသည့် ဖျားနာကု အခမဲ့ဆေးပေးခန်း ပြန်ဖွင့်
diz_admin
February 18, 2022မြိတ်မြို့ သံဃာ့ဆေးရုံရှိ ဖျားနာကု Fever Clinic အခမဲ့ ဆေးပေးခန်းကို ခေတ္တပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လိုက်ထားပြီဖြစ်ကြောင်း အဆိုပါဆေးခန်းထံမှ သိရသည်။ ဆေးပေးခန်းရှိ စေတနာ့ဝန်ထမ်းတို့၏ ပညာရေးအတွက် ကြိုးပမ်းနေကြရခြင်း၊ ကိုဗစ် တစ်ကျော့ပြန် ကူးစက် လာနိုင်ခြေများကြောင့် လုံခြုံမှုရှိအောင် ပြုပြင်မွမ်းမံရန်တို့အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစပြီး ခေတ္တပိတ်ခဲ့ကြောင်း အဆိုပါဆေးပေးခန်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ လက်ရှိတွင် ဖျားနာ လူနာများ ပြန်လည် များပြားလာသည့်အတွက် Fever Clinic အခမဲ့ ဆေးပေးခန်းကိုပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယင်းဆေးခန်းထံမှ သိရသည်။ အဆိုပါ ဆေးပေးခန်းသည် ဖျားနာလူနာများအပြင် ကိုဗစ်ပိုးတွေ့လူနာတို့အား ကုသဆောင်ရွက်ပေးသည့် ဆေးပေးခန်းတစ်ခုဖြစ်သည်။ မြိတ်မြို့တွင် ကိုဗစ်ပိုး ကူးစက်မှုများပြားနေပြီး ဖေဖော်ဝါရီလ ၃ […]


