စက်သုံးဆီဈေး တစ်လီတာ ၂၀၀၀ ကျော်ပြီ
diz_admin
March 3, 2022တရိပ်ရိပ်တက်နေသော စက်သုံးဆီဈေးနူန်းသည် အကျမရှိတော့ဘဲ လက်ရှိတွင် တစ်လီကျပ် ၂၀၀၀ ကျော် အထိသို့ပင် မြင့်တက်လာကြောင်း ထားဝယ် စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယနေ့ ထားဝယ်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ် ဈေးပေါက်နေကြောင်း စက်သုံး ဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။ ယင်းသို့ စက်သုံးဆီဈေးနူန်း ဆက်တိုက်မြင့်တက်လာသဖြင့် ထားဝယ်မြို့ရှိ စက်သုံးဆီပိုင်ရှင်များအသင်း တွင် ဆီဈေးကိစ္စ အစည်းအဝေးတစ်ရပ် လုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။ “အခုဆီဈေးတက်နေတာက အရမ်းရုပ်ဆိုးသွားပြီ။ အဲဒါကြောင့် နောက်ထပ်ဈေး ထပ်မတတ်နိုင်အောင် အစည်းအဝေး ခေါ်မယ်လို့တော့ ပြောသံကြားရတယ်” […]


