လောင်းလုံး နာရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံရ
diz_admin
March 22, 2022လောင်းလုံးမြို့ နာရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံလိုက်ရကြောင်း ယင်းနာရေးကူညီမှု အသင်းထံမှ သိရသည်။ အခိုးခံလိုက်ရသော ပစ္စည်းများမှာ မီးထိန်းစက်နှစ်လုံး၊ မီးကြိုးခွေအချို့၊ အလောင်းထည့်ရေခဲသေတ္တာ မီးပလပ်ခုံ၊ ကားဘတ်ထရီတစ်လုံး၊ သံတိုင် ငါးချောင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ် နှစ်သိန်း ဝန်းကျင် ရှိကြောင်း ယင်းအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာတော့ နာရေးပစ္စည်းတွေ အခိုးခံရတယ်လို့ တစ်ခါမှ မကြုံဖူးဘူး” ဟု ၎င်းက ဆိုသည်။ ယနေ့ (မတ် ၂၂) နံနက် ၉ နာရီခွဲ မြို့အတွင်းက နာရေးတစ်ခုကို ကူညီရန်ရှိ၍ အသင်းသားများ ပစ္စည်း သွားယူစဉ် ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်နာရေးတစ်ခုကို ကူညီအပြီး ရက် ၂၀ ခန့်အကြာတွင် […]


